Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #47 Translated in Burmese

قَالَ لَهُمْ مُوسَىٰ أَلْقُوا مَا أَنْتُمْ مُلْقُونَ
(တမန်တော်)မူစာသည် ထိုပဉ္စလက်ဆရာတို့အား အသင်တို့သည် မိမိတို့ ပစ်ချကြအံ့သော အရာများကိုပစ်ချကြလေကုန်ဟု ပြောကြားခဲ့၏။
فَأَلْقَوْا حِبَالَهُمْ وَعِصِيَّهُمْ وَقَالُوا بِعِزَّةِ فِرْعَوْنَ إِنَّا لَنَحْنُ الْغَالِبُونَ
သို့ဖြစ်ပေရာ ထိုပဉ္စလက်ဆရာတို့သည် မိမိတို့၏ ကြိုးများကိုလည်းကောင်း၊ မိမိတို့၏ တောင်ဝှေးများကိုလည်းကောင်း၊ ပစ်ချခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ဖစ်ရ်အောင်န်(ဘုရင်မင်းမြတ်)၏ ဘုန်းတန်ခိုးကိုတိုင်တည်၍ မလွဲဧကန် ကျွန်ုပ်တို့သည် ပင်လျှင် အောင်နိုင်သူများ အမှန်ပင် ဖြစ်ကြပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။
فَأَلْقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ
ထို့နောက် မူစာသည် မိမိလှင်ကန် တောင်ဝှေးကို ပစ်ချခဲ့ရာ ထိုလှင်ကန်တောင်ဝှေးမှာ ရုတ်တရက်(မြွေနဂါးကြီးဖြစ်လာပြီး)ထိုပဉ္စလက်ဆရာတို့ လှည့်စားထားကြသောအရာများကို မျိုလေတော့၏။
فَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထိုအခါ ပဉ္စလက်ဆရာတို့သည် မှောက်လဲ၍ပျပ်ဝပ် ဦးချကြကုန်၏။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ
၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ ကျွန်ုပ်တို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပါပြီ။

Choose other languages: