Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #46 Translated in Burmese

قَالَ نَعَمْ وَإِنَّكُمْ إِذًا لَمِنَ الْمُقَرَّبِينَ
ထိုဖစ်ရ်အောင်န်က ဟုတ်ပေသည်။ ထို့ပြင်တစ်ဝ ထိုသို့ဖြစ်ခဲ့လျှင် အသင်တို့သည် (ငါနှင့်အတူ) လက်ပွန်းတတီး(ချစ်ကျွမ်း)နေထိုင်သူတို့တွင်လည်း အပါအဝင် ဖြစ်ကြပေမည်ဟု ဆိုခဲ့လေ၏။
قَالَ لَهُمْ مُوسَىٰ أَلْقُوا مَا أَنْتُمْ مُلْقُونَ
(တမန်တော်)မူစာသည် ထိုပဉ္စလက်ဆရာတို့အား အသင်တို့သည် မိမိတို့ ပစ်ချကြအံ့သော အရာများကိုပစ်ချကြလေကုန်ဟု ပြောကြားခဲ့၏။
فَأَلْقَوْا حِبَالَهُمْ وَعِصِيَّهُمْ وَقَالُوا بِعِزَّةِ فِرْعَوْنَ إِنَّا لَنَحْنُ الْغَالِبُونَ
သို့ဖြစ်ပေရာ ထိုပဉ္စလက်ဆရာတို့သည် မိမိတို့၏ ကြိုးများကိုလည်းကောင်း၊ မိမိတို့၏ တောင်ဝှေးများကိုလည်းကောင်း၊ ပစ်ချခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ဖစ်ရ်အောင်န်(ဘုရင်မင်းမြတ်)၏ ဘုန်းတန်ခိုးကိုတိုင်တည်၍ မလွဲဧကန် ကျွန်ုပ်တို့သည် ပင်လျှင် အောင်နိုင်သူများ အမှန်ပင် ဖြစ်ကြပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။
فَأَلْقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ
ထို့နောက် မူစာသည် မိမိလှင်ကန် တောင်ဝှေးကို ပစ်ချခဲ့ရာ ထိုလှင်ကန်တောင်ဝှေးမှာ ရုတ်တရက်(မြွေနဂါးကြီးဖြစ်လာပြီး)ထိုပဉ္စလက်ဆရာတို့ လှည့်စားထားကြသောအရာများကို မျိုလေတော့၏။
فَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထိုအခါ ပဉ္စလက်ဆရာတို့သည် မှောက်လဲ၍ပျပ်ဝပ် ဦးချကြကုန်၏။

Choose other languages: