Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #49 Translated in Burmese

فَأَلْقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ
ထို့နောက် မူစာသည် မိမိလှင်ကန် တောင်ဝှေးကို ပစ်ချခဲ့ရာ ထိုလှင်ကန်တောင်ဝှေးမှာ ရုတ်တရက်(မြွေနဂါးကြီးဖြစ်လာပြီး)ထိုပဉ္စလက်ဆရာတို့ လှည့်စားထားကြသောအရာများကို မျိုလေတော့၏။
فَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထိုအခါ ပဉ္စလက်ဆရာတို့သည် မှောက်လဲ၍ပျပ်ဝပ် ဦးချကြကုန်၏။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ
၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ ကျွန်ုပ်တို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပါပြီ။
رَبِّ مُوسَىٰ وَهَارُونَ
(ထိုအရှင်မြတ်သည်) မူစာ၏ အရှင်မြတ်သည်လည်းကောင်း၊ ဟာရူန်၏ အရှင်မြတ်သည်လည်း ကောင်း၊ဖြစ်တော်မူပါ၏။
قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ فَلَسَوْفَ تَعْلَمُونَ ۚ لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ أَجْمَعِينَ
ထို(ဖစ်ရ်အောင်န်) က အသင်တို့အား ကျွန်ုပ်ခွင့်မပြုမီ အသင်တို့သည် ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်မလွဲ ၎င်းသည် အသင်တို့အား ပဉ္စလက် အတတ်ပညာကိုသင်ကြား၍ပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။ သို့ဖြစ်ပေရာ ယခုပင် အသင်တို့သည် (အကြောင်း) သိရှိကြပေမည်။ မလွဲဧကန် ကျွန်ုပ်သည် အသင်တို့၏ လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကို လည်းကောင်း၊ (ဝဲယာ) လွှဲ၍ဖြတ်တောက်ပစ်မည်။ ထိုမှတစ်ပါး မချွတ်ဧကန် ကျွန်ုပ်သည်အသင်တို့ အားလုံးကိုပင် လက်ဝါးကပ်တိုင်တင်မည်ဟု ပြောဆိုကြုံးဝါးခဲ့၏။

Choose other languages: