Quran Apps in many lanuages:

Surah As-Sajda Ayahs #30 Translated in Burmese

أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ ۖ أَفَلَا يَسْمَعُونَ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောမျိုးနွယ်တို့ကို (သွေဖည်မှု၊ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့၍၊ ၎င်းတို့ သည် (ဖျက်ဆီးခြင်းခံခဲ့ကြရသော)သူတို့၏ နေထိုင်ရာ ဒေသများ၌ (ဖြတ်သန်း)သွားလာလျက် ရှိကြသည်။ ဤသည် ၎င်းတို့အဖို့ တရားလမ်းညွှန် မဖြစ်လေသလော။ ဧကန်စင်စစ် ဤ(ဖြစ်ရပ်)၌ အမှန်ပင်သက်သေ အထောက်အထားများသည် ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် မကြားကြလေသလော။
أَوَلَمْ يَرَوْا أَنَّا نَسُوقُ الْمَاءَ إِلَى الْأَرْضِ الْجُرُزِ فَنُخْرِجُ بِهِ زَرْعًا تَأْكُلُ مِنْهُ أَنْعَامُهُمْ وَأَنْفُسُهُمْ ۖ أَفَلَا يُبْصِرُونَ
၎င်းတို့သည် စဉ်းစားဆင်ခြင်တွေ့မြင်ကြသည်မဟုတ်လော၊ ဧကန်အမှန် ငါအရှင်မြတ်သည် (မိုး)ရေကိုခြောက်သွေ့လျက်ရှိသောမြေယာသို့ မောင်းနှင်ပို့ပေးတော်မူ၏။ထို့နောက် ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကို ထွက်စေတော်မူ၏။ ထို(ပေါက်ရောက်သော) ကောက်ပဲသီးနှံတို့မှ ၎င်းတို့ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်းစားကြကုန်၏။ ၎င်းတို့ကိုယ်တိုင်လည်း စားသုံးကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် မမြင်ကြလေသလော။
وَيَقُولُونَ مَتَىٰ هَٰذَا الْفَتْحُ إِنْ كُنْتُمْ صَادِقِينَ
ထိုမှတစ်ပါး ၎င်းတို့က အကယ်၍ အသင်တို့သည် သစ္စာဝါဒီများ ဖြစ်ကြပါလျှင် ဤစီရင် ဆုံးဖြတ်မှုသည်မည်သည့်အခါ၌ ဖြစ်အံ့နည်း ဟု ပြောဆိုကြ ကုန်၏။
قُلْ يَوْمَ الْفَتْحِ لَا يَنْفَعُ الَّذِينَ كَفَرُوا إِيمَانُهُمْ وَلَا هُمْ يُنْظَرُونَ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထို စီရင်ဆုံးဖြတ်ကြမည့်နေ့ တွင် ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ယုံကြည်မှုသည်၎င်းတို့အား အကျိုးပေးမည် မဟုတ်ပေ။
فَأَعْرِضْ عَنْهُمْ وَانْتَظِرْ إِنَّهُمْ مُنْتَظِرُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည်4င်းတို့(၏ပြန်ပြောဆိုမှုကို လျစ်လျူရှု၍)အလ္လာဟ်အရှင်မြတ်ချိန်းချက်ထားတော်မူသော အဆုံးအဖြတ်ကိုစောင့်ဆိုင်းလျက်၊ရှိကြပါလေ။ 4င်းတို့သည်လည်း(မိမိတို့ ယူဆချက်အရ အသင့်အား အန္တရာယ်ပြုရန် စောင့်ဆိုင်းနေကြသူများပင် ဖြစ်ကြကုန်သတည်း။)

Choose other languages: