Quran Apps in many lanuages:

Surah As-Sajda Ayahs #20 Translated in Burmese

تَتَجَافَىٰ جُنُوبُهُمْ عَنِ الْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
ထိုသူတို့၏ နံဘေးများသည် အိပ်ရာများမှ ခွဲခွာလျက်ရှိကြပေသည်။ ထိုသူတို့သည် မိမိတို့၏အရှင်မြတ်အားကြောက်ရွံ့စွာလည်းကောင်း၊ မျှော်လင့်စွာလည်းကောင်း၊ ဟစ်ခေါ်တçသကြသည့်ပြင် ၎င်းတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲလှူဒါန်းခြင်းကိုလည်းပြုလုပ်ကြကုန်သည်။
فَلَا تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ جَزَاءً بِمَا كَانُوا يَعْمَلُونَ
စင်စစ်သော်ကား မိမိတို့အဖို့ မိမိတို့ကျင့်မူလျက်ရှိခဲ့ကြသည်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်စွာထားရှိပြီးဖြစ်သော မျက်စိအေးမြကြည်လင်မှုကို မည်သူတဦးတစ်ယောက်မျှပင် မသိပြီတကား။
أَفَمَنْ كَانَ مُؤْمِنًا كَمَنْ كَانَ فَاسِقًا ۚ لَا يَسْتَوُونَ
သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူသည် အမိန့်တော်ကို ဖီဆန်သောသူကဲ့သို့ ဖြစ်ပါ သလော။(အလျှင်းမဟုတ်)၊ ၎င်းတို့သည် မတူညီကြပေ။
أَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ جَنَّاتُ الْمَأْوَىٰ نُزُلًا بِمَا كَانُوا يَعْمَلُونَ
မည်သို့ပင်ဖြစ်စေ၊ အီမာန် သက်ဝင်ယုံကြည်မှုထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကိုကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အဖို့ ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသည့် (ကောင်းမြတ်သော) အကျင့်အမူများကြောင့် ဧည့်ခံသောအားဖြင့် ခိုလှုံနေထိုင်ရာဥယျာဉ်များ ရှိကြပေမည်။
وَأَمَّا الَّذِينَ فَسَقُوا فَمَأْوَاهُمُ النَّارُ ۖ كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا أُعِيدُوا فِيهَا وَقِيلَ لَهُمْ ذُوقُوا عَذَابَ النَّارِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကိုဖီဆန်ခဲ့ကြကုန်သော သူတို့၏ခိုလှုံရန်ဌာနမှာမူကား ငရဲပင်ဖြစ်လေ၏။ ၎င်းတို့သည် မည်သည့်အခါမျိုးမဆို ယင်းငရဲမှထွက်ရန် ကြံရွယ်ခဲ့ကြလျှင် ထိုငရဲမီးထဲသို့ပင် ပြန်လည်တွန်းပို့ြ့ခင်းကိုခံကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့မှာ အသင်တို့သည်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြကုန်သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟု ပြောဆိုခြင်းကိုလည်းခံကြရပေမည်။

Choose other languages: