Quran Apps in many lanuages:

Surah As-Sajda Ayahs #23 Translated in Burmese

أَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ جَنَّاتُ الْمَأْوَىٰ نُزُلًا بِمَا كَانُوا يَعْمَلُونَ
မည်သို့ပင်ဖြစ်စေ၊ အီမာန် သက်ဝင်ယုံကြည်မှုထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကိုကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အဖို့ ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသည့် (ကောင်းမြတ်သော) အကျင့်အမူများကြောင့် ဧည့်ခံသောအားဖြင့် ခိုလှုံနေထိုင်ရာဥယျာဉ်များ ရှိကြပေမည်။
وَأَمَّا الَّذِينَ فَسَقُوا فَمَأْوَاهُمُ النَّارُ ۖ كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا أُعِيدُوا فِيهَا وَقِيلَ لَهُمْ ذُوقُوا عَذَابَ النَّارِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကိုဖီဆန်ခဲ့ကြကုန်သော သူတို့၏ခိုလှုံရန်ဌာနမှာမူကား ငရဲပင်ဖြစ်လေ၏။ ၎င်းတို့သည် မည်သည့်အခါမျိုးမဆို ယင်းငရဲမှထွက်ရန် ကြံရွယ်ခဲ့ကြလျှင် ထိုငရဲမီးထဲသို့ပင် ပြန်လည်တွန်းပို့ြ့ခင်းကိုခံကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့မှာ အသင်တို့သည်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြကုန်သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟု ပြောဆိုခြင်းကိုလည်းခံကြရပေမည်။
وَلَنُذِيقَنَّهُمْ مِنَ الْعَذَابِ الْأَدْنَىٰ دُونَ الْعَذَابِ الْأَكْبَرِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုတွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကိုစွန့်ပြီး) ပြန်လှည့်၍လာကြအံ့သောငှာ မုချစင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုကြီးစွာသောပြစ်ဒဏ်အပြင် ဤပစ္စက္ခတွင်ပင် သေးငယ်သောပြစ်ဒဏ်ကိုလည်း မြည်း စမ်းစေအုံးမည်။
وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ ثُمَّ أَعْرَضَ عَنْهَا ۚ إِنَّا مِنَ الْمُجْرِمِينَ مُنْتَقِمُونَ
အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များအားဖြင့် သတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် ထိုသူသည် ယင်းအာယတ်တော်များမှမျက်နှာလွှဲခဲ့၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား တုံ့ပြန်လက်စားချေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَلَا تَكُنْ فِي مِرْيَةٍ مِنْ لِقَائِهِ ۖ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ
၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအားလည်း ကျမ်းဂန်ဓမ္မက္ခန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ အသင်သည် ဤ(ကုရ်အာန်)ကျမ်းတော်ကို ရရှိခြင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်မူစာအား ချီးမြှင့်တော်မူခဲ့သော) ယင်းကျမ်းဂန်ဓမ္မက္ခန်ကို အစ္စရာအီလီ မျိုးနွယ်တို့အဖို့ တရားလမ်းညွှန်ပြုလုပ်တော်မူခဲ့၏။

Choose other languages: