Quran Apps in many lanuages:

Surah As-Sajda Ayahs #14 Translated in Burmese

وَقَالُوا أَإِذَا ضَلَلْنَا فِي الْأَرْضِ أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۚ بَلْ هُمْ بِلِقَاءِ رَبِّهِمْ كَافِرُونَ
စင်စစ် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်မြေထဲ၌ ဆွေးမြည့်ပျောက်ပျက် သွားခဲ့ကြသောအခါ အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရဦးမည်လော ဟုဆိုကြကုန်၏။ စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံမှုကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
قُلْ يَتَوَفَّاكُمْ مَلَكُ الْمَوْتِ الَّذِي وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ထားခြင်းခံရလေသော သေမင်းတမန်သည် အသင်တို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းလေသည်။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင်ပြန်ရောက်စေခြင်းကို ခံကြရကုန်အံ့သတည်း။
وَلَوْ تَرَىٰ إِذِ الْمُجْرِمُونَ نَاكِسُو رُءُوسِهِمْ عِنْدَ رَبِّهِمْ رَبَّنَا أَبْصَرْنَا وَسَمِعْنَا فَارْجِعْنَا نَعْمَلْ صَالِحًا إِنَّا مُوقِنُونَ
အကယ်၍ အသင်တွေ့မြင်ပါလျှင် ထူးဆန်းစွာတွေ့မြင်ရပေမည်။ အကြင်အခါဝယ် အပြစ်ရှိသူတို့သည် (လွန်စွာရှက်ကြောက်၍) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်တွင် မိမိတို့၏ဦးခေါင်းများကိုစိုက်ချလျက် (ရပ်ကြကာ) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(ယခုသော်)ကျွန်တော် မျိုးတို့သည် မြင်လည်းမြင်ကြပါပြီ၊ ကြားလည်းကြားကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော် မျိုးတို့အား (ကမ္ဘာလောကသို့)ပြန်၍ ပို့ပေးတော်မူပါ။ (ယခုတစ်ကြိမ်သော်ကား) ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြပါတော့မည်။ (ယခုသော်)ကျွန်တော်မျိုးတို့သည် ဧကန်မလွဲ ကောင်းစွာ ယုံကြည်သူများပင် ဖြစ်ကြပါပြီ (ဟု လျှောက်ထားအသနားခံကြပေမည်၊)
وَلَوْ شِئْنَا لَآتَيْنَا كُلَّ نَفْسٍ هُدَاهَا وَلَٰكِنْ حَقَّ الْقَوْلُ مِنِّي لَأَمْلَأَنَّ جَهَنَّمَ مِنَ الْجِنَّةِ وَالنَّاسِ أَجْمَعِينَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူတိုင်းလူတိုင်းအား ၎င်းတို့၏တရားလမ်းမှန်ကို ပေးတော်မူခဲ့မည်ဖြစ်၏။ သို့ရာတွင် မုချဧကန် ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါများဖြင့်လည်းကောင်း၊လူသတ္တဝါများဖြင့်လည်းကောင်း၊ တစ်ပြိုင်နက်တည်း ဂျဟန္နမ် ငရဲဘုံကို ဖြည့်တော်မူမည်ဟူသောအမိန့်တော်သည်ငါအရှင်မြတ် အထံတော်မှ အတည်ပြုပြီးဖြစ်၏။
فَذُوقُوا بِمَا نَسِيتُمْ لِقَاءَ يَوْمِكُمْ هَٰذَا إِنَّا نَسِينَاكُمْ ۖ وَذُوقُوا عَذَابَ الْخُلْدِ بِمَا كُنْتُمْ تَعْمَلُونَ
(သို့ဖြစ်ပေရာ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်) ယခုသော်အသင်တို့သည် မိမိတို့၏ ဤနေ့ဤရက်နှင့် တွေ့ဆုံကြရမည်ကိုမေ့ပျောက်ခဲ့ခြင်း၏ အရသာကို မြည်းစမ်းကြကုန်လော့။ ငါအရှင်မြတ်သည်လည်း အသင်တို့အား မေ့ထားတော်မူပြီ။ ၎င်းပြင် အသင်တို့သည် မိမိတို့ကျင့်မူလျက်ရှိခဲ့ ကြကုန်သောအကျင့်အမူများကြောင့် ထာဝရပြစ်ဒဏ် ၏အရသာကို (မြိန်ရှက်စွာ) မြည်းစမ်းကြကုန်လော့။

Choose other languages: