Quran Apps in many lanuages:

Surah An-Nisa Ayahs #88 Translated in Burmese

فَقَاتِلْ فِي سَبِيلِ اللَّهِ لَا تُكَلَّفُ إِلَّا نَفْسَكَ ۚ وَحَرِّضِ الْمُؤْمِنِينَ ۖ عَسَى اللَّهُ أَنْ يَكُفَّ بَأْسَ الَّذِينَ كَفَرُوا ۚ وَاللَّهُ أَشَدُّ بَأْسًا وَأَشَدُّ تَنْكِيلًا
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင် အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဖွယ်ရာရှိ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင် ဖြစ်တော်မူသည့်အပြင် ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
مَنْ يَشْفَعْ شَفَاعَةً حَسَنَةً يَكُنْ لَهُ نَصِيبٌ مِنْهَا ۖ وَمَنْ يَشْفَعْ شَفَاعَةً سَيِّئَةً يَكُنْ لَهُ كِفْلٌ مِنْهَا ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ مُقِيتًا
မည်သူမဆို ကောင်းမြတ်သော (ကိစ္စတွင်) ကြားဝင်တိုက်တွန်းအံ့။ ပါဝင်ဆောင်ရွက်မှုကိုပြုအံ့။ ထိုသူ၏အဖို့ ယင်းသို့ ပါဝင်ဆောင်ရွက်ခြင်း၏ ဝေစုဝေပုံသည် ရှိအံ့။ ထိုနည်းတူစွာ မည်သူမဆို ဆိုးယုတ်သောအမှုကိစ္စဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်မှုကိုပြုအံ့၊ ထိုသူ၏အပေါ်၌ ယင်းသို့ ပါဝင်ဆောင်ရွက်ခြင်း၏တာဝန်သည် ရှိအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَإِذَا حُيِّيتُمْ بِتَحِيَّةٍ فَحَيُّوا بِأَحْسَنَ مِنْهَا أَوْ رُدُّوهَا ۗ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ حَسِيبًا
တစ်ဖန် အသင်တို့သည် တနည်းနည်းအားဖြင့် (စလာမ်မေတ္တာပို့သလျက်) နှုတ်ခွန်းဆက်သခြင်းကို ခံကြရသောအခါ၊ အသင်တို့သည် ထိုနှုတ်ခွန်းဆက်သခြင်းခံကြရသည်ထက် ပိုမို၍ ကောင်းမြတ် သောနည်းမျိုးဖြင့် (စလာမ်မေတ္တာပို့၍) နှုတ်ခွန်းဆက်သကြလေကုန်။ သို့တည်းမဟုတ်ထို (နှုတ်ခွန်း ဆက်ခြင်းခံကြရသည်) အတိုင်းပင် တုံ့ပြန်ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စစ်ဆေးတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۗ وَمَنْ أَصْدَقُ مِنَ اللَّهِ حَدِيثًا
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အလျင်းမရှိပေ။ ထိုအရှင်မြတ်သည် မုချ အသင်တို့ကို‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် စုရုံးစေသော်မူအံ့။ ဤအရာ၌ ဒွိဟသံသယ အလျင်းမရှိရပေ။ စင်စစ်သော်ကား စကားအရာ၌ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာပြောဆိုသောသူ မည်သူရှိပါမည်နည်း။
فَمَا لَكُمْ فِي الْمُنَافِقِينَ فِئَتَيْنِ وَاللَّهُ أَرْكَسَهُمْ بِمَا كَسَبُوا ۚ أَتُرِيدُونَ أَنْ تَهْدُوا مَنْ أَضَلَّ اللَّهُ ۖ وَمَنْ يُضْلِلِ اللَّهُ فَلَنْ تَجِدَ لَهُ سَبِيلًا
သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ပြောင်းပြန်လှည့်ထားတော်မူခဲ့လေသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူတို့အား တရားလမ်းမှန်သို့ ရောက်စေလိုကြသလော။ စင်စစ် (အို- နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူ၏အဖို့ မည်သည့်လမ်းကိုမျှ အသင် အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။

Choose other languages: