Quran Apps in many lanuages:

Surah An-Nisa Ayahs #77 Translated in Burmese

وَلَئِنْ أَصَابَكُمْ فَضْلٌ مِنَ اللَّهِ لَيَقُولَنَّ كَأَنْ لَمْ تَكُنْ بَيْنَكُمْ وَبَيْنَهُ مَوَدَّةٌ يَا لَيْتَنِي كُنْتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًا
သို့ရာတွင် အကယ်၍ အသင်တို့၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် ဆိုက်ရောက်ခဲ့မူ ထိုသူသည် အသင်တို့နှင့် ၎င်း၏အကြားတွင် ခင်မင်ရင်းနှီးမှု လုံးဝမရှိခဲ့ဘူးသည့်အလား၊ ဪ- ကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့လိုက်ပါသွားသည်) ဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား။ သို့ (လိုက်ပါသွားခဲ့) ပါလျှင်၊ ကျွန်ုပ်သည်လည်း (၎င်းတို့ကဲ့သို့ပင်) ကြီးကျယ်လှစွာသော အောင်မြင်မှုကို ရရှိချေမည်တကား”ဟု ဧကန်မလွဲ (ဟစ်ကြွေး) ပြောဆိုလေသတည်း။
فَلْيُقَاتِلْ فِي سَبِيلِ اللَّهِ الَّذِينَ يَشْرُونَ الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۚ وَمَنْ يُقَاتِلْ فِي سَبِيلِ اللَّهِ فَيُقْتَلْ أَوْ يَغْلِبْ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
သို့ဖြစ်ပေရာ ပစ္စုပ္ပန်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ရောင်းချကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရပေမည်။ (တစ်နည်း- သို့ဖြစ်ပေရာ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြင်သူများနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရပေမည်။ ထိုသူတို့သည် မျက်မှောက်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြ၏) စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်အံ့။ ထို့နောက် သို့တိုက်ခိုက်ရာတွင် ထိုသူသည် အသတ်ခံရသည်ဖြစ်စေ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူ့အား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သောအကျိုးကို ပေးသနားတော်မူအံ့။
وَمَا لَكُمْ لَا تُقَاتِلُونَ فِي سَبِيلِ اللَّهِ وَالْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ الَّذِينَ يَقُولُونَ رَبَّنَا أَخْرِجْنَا مِنْ هَٰذِهِ الْقَرْيَةِ الظَّالِمِ أَهْلُهَا وَاجْعَلْ لَنَا مِنْ لَدُنْكَ وَلِيًّا وَاجْعَلْ لَنَا مِنْ لَدُنْكَ نَصِيرًا
စင်စစ်ဆိုသော် အသင်တို့၌ မည်သည့်အကြောင်းရှိချေသနည်း။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌လည်းကောင်း၊ အကြင် အင်အားချည့်နဲ့သော ယောက်ျား၊ မိန်းမနှင့် ကလေး သူငယ်တို့ (အား ကယ်တင်ရန်) အလို့ငှာလည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း မပြုကြချေ။ ထို (ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်) တို့သည်ကား၊ “အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤအကြင်မြို့ရွာမှ ထုတ်ဆောင်တော်မူပါ။ ထို မြို့ရွာသူမြို့ရွာသားများသည် မတရား နှိပ်စက်ညှဉ်းပန်းသူများဖြစ်ကြပါ၏။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ အဆွေခင်ပွန်းတစ်ဦးဦးကို ဖန်တီး၍ပေးသနားတော်မူပါ။ ထိုနည်းတူစွာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ ကာကွယ်စောင့်ရှောက်မည့်သူ တစ်ဦးဦးကိုလည်း ဖန်တီး၍ပေးသနားတော်မူပါ” ဟုလျှောက်ထားပန်ကြားလျက် ရှိကြကုန်သတည်း။
الَّذِينَ آمَنُوا يُقَاتِلُونَ فِي سَبِيلِ اللَّهِ ۖ وَالَّذِينَ كَفَرُوا يُقَاتِلُونَ فِي سَبِيلِ الطَّاغُوتِ فَقَاتِلُوا أَوْلِيَاءَ الشَّيْطَانِ ۖ إِنَّ كَيْدَ الشَّيْطَانِ كَانَ ضَعِيفًا
မုအ်မင်န်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြ၏။ ကာဖိရ်တို့သည်မူကား ‘တွာဂူတ်’၏လမ်း၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရှိုင်တွာန်၏အဆွေခင်ပွန်းတို့ကို တိုက်ခိုက်ကြကုန်၏။ မုချဧကန် ရှိုင်တွာန်၏ပရိယာယ်သည် ချည့်နဲ့လှပေသည်။ (တစ်နည်း ပေါ့ပျက်လှပေသည်။) (ရကူ ၇၊ ၇)
أَلَمْ تَرَ إِلَى الَّذِينَ قِيلَ لَهُمْ كُفُّوا أَيْدِيَكُمْ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ إِذَا فَرِيقٌ مِنْهُمْ يَخْشَوْنَ النَّاسَ كَخَشْيَةِ اللَّهِ أَوْ أَشَدَّ خَشْيَةً ۚ وَقَالُوا رَبَّنَا لِمَ كَتَبْتَ عَلَيْنَا الْقِتَالَ لَوْلَا أَخَّرْتَنَا إِلَىٰ أَجَلٍ قَرِيبٍ ۗ قُلْ مَتَاعُ الدُّنْيَا قَلِيلٌ وَالْآخِرَةُ خَيْرٌ لِمَنِ اتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا
(အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ (ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် အမိန့်မကျရောက်မီက စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန် အလွန် စိတ်အားထက်သန်နေကြသဖြင့်) ၎င်းတို့အား “အသင်တို့သည် မိမိတို့လက်များကို (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားရှိကာ ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်၍နေကြကုန်။ ၎င်းပြင် ‘ဇကာသ်’တရားဝင်ဒါနကြေး ပေးဆောင်နေကြကုန်” ဟု ပြောခဲ့ဖူးလေသည်။ တစ်ဖန် ထိုသူတို့အပေါ်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် (အမိန့်တော်သည်) အတည်ဖြစ်လာခဲ့သောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဘိသကဲ့သို့ပင် လူတို့ကို ကြောက်ရွံ့လာကြရုံမျှမက အလ္လာဟ်အရှင်မြတ်ထက်ပင် ပိုမို၍ ကြောက်ရွံ့လာကြကုန်၏။ ၎င်းပြင် ထိုသူတို့က ပြောဆိုခဲ့ကြသည်မှာ “အို- ကျွန်တော်မျိုးတို့၏အရှင်၊ အရှင်မြတ်သည် မည်သည့်အတွက်ကြောင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ကျွန်တော်မျိုးတို့အပေါ်၌ သတ်မှတ် အတည်ပြုတော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ထပ်မံ၍ ရက်အနည်းငယ် ရွှေ့ဆိုင်းပေးတော်မူခဲ့ပါလျှင် တော်လေစွတကား” ဟု လျှောက်ထားပန်ကြားခဲ့ကြကုန်သည်။ (အို- နဗီတမန်တော်) အသင်သည် (ယင်းတို့အား) လောကီအကျိုးခံစားမှုသည် ခေတ္တခဏမျှအဖို့သာဖြစ်၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူ (တော်စင်) များအဖို့ နောင်တမလွန်ဘဝ (၏အကျိုးကျေးဇူးများ) သည်သာလျှင် အမွန်အမြတ်ဆုံးဖြစ်ပေသည်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ဆံခြည်ခန့်မျှပင် မတော်မတရားနှိပ်စက်မှုကို ခံကြရမည်မဟုတ်ပေ ဟု ပြောကြားပါလေ။

Choose other languages: