Quran Apps in many lanuages:

Surah An-Nisa Ayahs #147 Translated in Burmese

مُذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَنْ يُضْلِلِ اللَّهُ فَلَنْ تَجِدَ لَهُ سَبِيلًا
(ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَنْ تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُبِينًا
အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။
إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَنْ تَجِدَ لَهُمْ نَصِيرًا
ဧကန်အမှန် ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ငရဲဘုံ၏အောက်ဆုံးအထပ်၌ ရှိကြ�တ္တံ့။ ၎င်းပြင် အသင်သည် ထိုသူတို့အဖို့ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိရမည်မဟုတ်ပေ။
إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَاعْتَصَمُوا بِاللَّهِ وَأَخْلَصُوا دِينَهُمْ لِلَّهِ فَأُولَٰئِكَ مَعَ الْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ اللَّهُ الْمُؤْمِنِينَ أَجْرًا عَظِيمًا
သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။
مَا يَفْعَلُ اللَّهُ بِعَذَابِكُمْ إِنْ شَكَرْتُمْ وَآمَنْتُمْ ۚ وَكَانَ اللَّهُ شَاكِرًا عَلِيمًا
အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြပါမူ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အဘယ်သို့လျှင် အပြစ်ဒဏ်ပေးတော်မူအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာလ်အရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ရက်ရောစွာ ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။

Choose other languages: