Quran Apps in many lanuages:

Surah An-Nisa Ayahs #140 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا آمِنُوا بِاللَّهِ وَرَسُولِهِ وَالْكِتَابِ الَّذِي نَزَّلَ عَلَىٰ رَسُولِهِ وَالْكِتَابِ الَّذِي أَنْزَلَ مِنْ قَبْلُ ۚ وَمَنْ يَكْفُرْ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ وَالْيَوْمِ الْآخِرِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘မလာအိကဟ်’ အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊
إِنَّ الَّذِينَ آمَنُوا ثُمَّ كَفَرُوا ثُمَّ آمَنُوا ثُمَّ كَفَرُوا ثُمَّ ازْدَادُوا كُفْرًا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًا
မုချဧကန် အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြ၏။ ထို့နောက် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် တစ်ဖန်ပြန်၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြန်၏။ ထို့နောက် တစ်ဖန် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် ၎င်းတို့သည် (အသက်ထက်ဆုံး) သွေဖည် ငြင်းပယ်မှု၌ပင် တိုးတက်နစ်မွန်းလျက် ရှိကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့အား အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးသနားတော်မူမည်မဟုတ်ပေ။ ထိုသူတို့အား (ဂျန္နတ်) ရောက်ရာရောက်ကြောင်းလမ်းကိုလည်း ညွှန်ပြတော်မူမည်မဟုတ်ပေ။
بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا
(အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
الَّذِينَ يَتَّخِذُونَ الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِنْدَهُمُ الْعِزَّةَ فَإِنَّ الْعِزَّةَ لِلَّهِ جَمِيعًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။
وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစက�းကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: