Quran Apps in many lanuages:

Surah An-Nisa Ayah #127 Translated in Burmese

وَيَسْتَفْتُونَكَ فِي النِّسَاءِ ۖ قُلِ اللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِي الْكِتَابِ فِي يَتَامَى النِّسَاءِ اللَّاتِي لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَنْ تَنْكِحُوهُنَّ وَالْمُسْتَضْعَفِينَ مِنَ الْوِلْدَانِ وَأَنْ تَقُومُوا لِلْيَتَامَىٰ بِالْقِسْطِ ۚ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ كَانَ بِهِ عَلِيمًا
၎င်းပြင် ထိုသူတို့သည် မိန်းမတို့ (၏ အမွေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘မဟရ်’ နှင့် စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြကုန်သည်။ အသင်သည် (ထိုသူတို့အားဤသို့) ဖြေကြားပါလေ။“အလ္လာဟ်အရှင်မြတ်သည် မိန်းမတို့နှင့်ပတ်သက်၍ အသင်တို့အား (ယခင်အတိုင်းပင်) တရားစီရင် ပြဋ္ဌာန်းပေးတော်မူလေသည်။ ထို့ပြင်တဝ (ယခင်က ချမှတ်ပေးတော်မူခဲ့ပြီးဖြစ်၍) ကုရ်အာန်ကျမ်းတော်မြတ်တွင် အသင်တို့အား ဖတ်ရွတ်ကြားနာစေတော်မူခဲ့သော မုက္ခပါဌ်တော် များသည်လည်း (အသင်တို့ကို ညွှန်ကြားလျက်) ရှိပေသည်။ ထိုမုက္ခပါဌ်တော်များသည် အကြင် မိဘမဲ့မိန်းကလေးတို့နှင့်ပတ်သက်သော မုက္ခပါဌ်တော်များဖြစ်၏။ အသင်တို့သည် ထိုမိန်းကလေးတို့အဖို့ သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော အခွင့်အရေးများကို မပေးကြပေ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းကလေးတို့နှင့်လည်း ထိမ်းမြားလိုကြ၏။ ထိုနည်းတူစွာ (ယင်း မုက္ခပါဌ်တော်များသည်) အားအင်ချည့်နဲ့သော သူငယ်တို့နှင့်ပတ်သက်သော အမိန့်တော်များလည်းဖြစ်၏။ ၎င်းပြင် အသင်တို့သည် မိဘမဲ့ကလေးတို့နှင့်ပတ်သက်၍ တရားမျှတစွာဆောင်ရွက်ကြရန် အမိန့်တော်လည်းဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား အသင်တို့သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ယင်းကောင်းမှုကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။”

Choose other languages: