Quran Apps in many lanuages:

Surah An-Nisa Ayahs #120 Translated in Burmese

إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ယှဉ်ပြိုင်ကိုးကွယ်) ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ရောက်ရှိချေပြီ။
إِنْ يَدْعُونَ مِنْ دُونِهِ إِلَّا إِنَاثًا وَإِنْ يَدْعُونَ إِلَّا شَيْطَانًا مَرِيدًا
၎င်း (မုရှ်ရိက်) တို့သည် ထိုအရှင်မြတ်မှတစ်ပါး‘ဣတ္ထိ’ ‘မ’ များကိုသာ ကိုးကွယ်ကြ၏။ ၎င်းပြင် ထိုသူတို့သည် ပုန်ကန်သော ရှိုင်တွာန်ကိုသာ တိုင်တည်ကိုးကွယ်ကြသည်။
لَعَنَهُ اللَّهُ ۘ وَقَالَ لَأَتَّخِذَنَّ مِنْ عِبَادِكَ نَصِيبًا مَفْرُوضًا
အလ္လာဟ်အရှင်မြတ်သည် ‘ရှိုင်တွာန်’ ကို (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ချေပြီ။ (ယင်းကဲ့သို့ ကရုဏာတော်မှကင်းဝေးရသောအခါ) ထို ရှိုင်တွာန်က (ဤသို့) လျှောက်ထားခဲ့လေသည်။ “ကျွန်တော်မျိုးသည် အရှင်မြတ်၏ကျွန်များ�နက်မှ (မိမိအဖို့ မိမိ) သတ်မှတ်ပြဌာန်းပြီးဖြစ်သော ဝေစုဝေပုံတစ်စုံတစ်ခုကို မုချယူပါမည်။”
وَلَأُضِلَّنَّهُمْ وَلَأُمَنِّيَنَّهُمْ وَلَآمُرَنَّهُمْ فَلَيُبَتِّكُنَّ آذَانَ الْأَنْعَامِ وَلَآمُرَنَّهُمْ فَلَيُغَيِّرُنَّ خَلْقَ اللَّهِ ۚ وَمَنْ يَتَّخِذِ الشَّيْطَانَ وَلِيًّا مِنْ دُونِ اللَّهِ فَقَدْ خَسِرَ خُسْرَانًا مُبِينًا
ကျွန်တော်မျိုးသည် ယင်းသူတို့အား လမ်းမှားသို့လည်း မုချရောက်စေပါမည်။ ၎င်းပြင် ထိုသူတို့အား လိုချင်တပ်မက်ခြင်းကိုလည်း အမှန်ပင်ဖြစ်စေပါမည်။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ယင်းသူတို့အား ဧကန်စင်စစ် အမိန့်ပေးပါမည်။ သို့ဖြစ်လျှင် ထိုသူတို့သည် ခြေလေးချောင်းသတ္တဝါတို့၏ နားရွက်များကို ဖြတ်တောက်ကြလတ္တံ့။ ထိုနည်းတူစွာ ကျွန်တော်မျိုးသည် ၎င်းတို့အား အမိန့်ပေးပါမည်။ သို့အမိန့်ပေးလျှင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတော်မူသော (နဂိုမူလ) ရုပ်လက္ခဏာကို ပြောင်းလဲကြလတ္တံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်တွာန်ကို အဆွေခင်ပွန်းပြုလုပ်အံ့။ ထိုသူသည် မလွဲဧကန် အလွန်ထင်ရှားလှစွာ နစ်နာဆုံးရှုံးလတ္တံ့။
يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ထို ‘ရှိုင်တွာန်’သည် ထိုသူတို့အား ကတိပေး၏။ တပ်မက်မောစေ၏။ သို့ရာတွင်ထို ‘ရှိုင်တွာန်’ သည်ထိုသူတို့အား လိမ်လည်ဖြားယောင်းခြင်းအားဖြင့်သာ ကတိပေးသည်။

Choose other languages: