Quran Apps in many lanuages:

Surah An-Naml Ayahs #68 Translated in Burmese

أَمَّنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَمَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ
(ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။
قُلْ لَا يَعْلَمُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ الْغَيْبَ إِلَّا اللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ် မှတစ်ပါး၊ မိုးကောင်းကင်��ရှိသူတို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၎င်းတို့ မသိကြပေ။
بَلِ ادَّارَكَ عِلْمُهُمْ فِي الْآخِرَةِ ۚ بَلْ هُمْ فِي شَكٍّ مِنْهَا ۖ بَلْ هُمْ مِنْهَا عَمُونَ
စင်စစ်မှာကား "အာခိရတ်"တမလွန်ဘဝနှင့်စပ်လျဉ်း၍ ၎င်းတို့၏အသိပညာမှာ ပျောက်ပျက်၍သွားချေပြီ။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် ထို "အာခိရတ်" တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည်ယင်း "အာခိရတ်" တမလွန်ဘဝဘက်မှ မျက်စိကန်းနေသူများပင် ဖြစ်ကြကုန်သတည်း။
وَقَالَ الَّذِينَ كَفَرُوا أَإِذَا كُنَّا تُرَابًا وَآبَاؤُنَا أَئِنَّا لَمُخْرَجُونَ
စင်စစ် "ကာဖိရ်" သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့က ကျွန်ုပ်တို့သည် မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ အလားတူ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေး တို့သည်လည်း(မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ) ကျွန်ုပ်တို့သည် (သင်္ချိုင်းတွင်းမှ) ထွက်စေခြင်းကို ခံကြရဦးမည်လော။
لَقَدْ وُعِدْنَا هَٰذَا نَحْنُ وَآبَاؤُنَا مِنْ قَبْلُ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
ဧကန်မလွဲ ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး(ခြိမ်းခြောက်ပြောဆို)ခြင်းကို ခံခဲ့ကြရလေသည်။ ဤသည် ရှေးသူဟောင်းတို့၏ အခြေအမြစ်မရှိသော ပုံပြင်များသာ ဖြစ်ကြပေသည်။

Choose other languages: