Quran Apps in many lanuages:

Surah An-Naml Ayahs #22 Translated in Burmese

حَتَّىٰ إِذَا أَتَوْا عَلَىٰ وَادِ النَّمْلِ قَالَتْ نَمْلَةٌ يَا أَيُّهَا النَّمْلُ ادْخُلُوا مَسَاكِنَكُمْ لَا يَحْطِمَنَّكُمْ سُلَيْمَانُ وَجُنُودُهُ وَهُمْ لَا يَشْعُرُونَ
နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေတို့သည် ပုရွက်ဆိတ်များရှိကြသော ချောင်းလျှိုရိုးသို့ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင်က အို-ပရွက်ဆိတ် အပေါင်းတို့၊စုလိုင်မာန်နှင့်တကွ ထို စုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင်တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်းမပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ဝင်ရောက်လေကုန်ဟု (ဟစ်အော်)ပြောကြားခဲ့လေ၏။
فَتَبَسَّمَ ضَاحِكًا مِنْ قَوْلِهَا وَقَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَدْخِلْنِي بِرَحْمَتِكَ فِي عِبَادِكَ الصَّالِحِينَ
ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အိုကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့�ော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူး သိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း အမြဲကျင့်မူ ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာတော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ဝင်ရောက်ပါဝင်စေတော်မူပါ။
وَتَفَقَّدَ الطَّيْرَ فَقَالَ مَا لِيَ لَا أَرَى الْهُدْهُدَ أَمْ كَانَ مِنَ الْغَائِبِينَ
၎င်းပြင် ထိုစုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ (ဤသို့)ပြောကြားခဲ့၏။ ငါသည် မည်သည့်အတွက်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရပါသနည်း။ သို့တည်းမဟုတ် ၎င်းသည် ပျောက်ကွယ်နေသလော။
لَأُعَذِّبَنَّهُ عَذَابًا شَدِيدًا أَوْ لَأَذْبَحَنَّهُ أَوْ لَيَأْتِيَنِّي بِسُلْطَانٍ مُبِينٍ
ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည်၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေအထောက်အထားကို ဆောင်ယူလာရပေမည်။
فَمَكَثَ غَيْرَ بَعِيدٍ فَقَالَ أَحَطْتُ بِمَا لَمْ تُحِطْ بِهِ وَجِئْتُكَ مِنْ سَبَإٍ بِنَبَإٍ يَقِينٍ
ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက်သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော်မသိသောအကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်းခဲ့ပါသည်။

Choose other languages: