Quran Apps in many lanuages:

Surah An-Naml Ayahs #25 Translated in Burmese

لَأُعَذِّبَنَّهُ عَذَابًا شَدِيدًا أَوْ لَأَذْبَحَنَّهُ أَوْ لَيَأْتِيَنِّي بِسُلْطَانٍ مُبِينٍ
ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည်၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေအထောက်အထားကို ဆောင်ယူလာရပေမည်။
فَمَكَثَ غَيْرَ بَعِيدٍ فَقَالَ أَحَطْتُ بِمَا لَمْ تُحِطْ بِهِ وَجِئْتُكَ مِنْ سَبَإٍ بِنَبَإٍ يَقِينٍ
ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက်သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော်မသိသောအကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်းခဲ့ပါသည်။
إِنِّي وَجَدْتُ امْرَأَةً تَمْلِكُهُمْ وَأُوتِيَتْ مِنْ كُلِّ شَيْءٍ وَلَهَا عَرْشٌ عَظِيمٌ
ဧကန်အမှန် ကျွန်တော်မျိုးသည် ထိုရှီဗာကို စိုးမိုးအုပ်ချုပ်လျက်ရှိသော မိန်းမတစ်ဦးအား တွေ့ခဲ့ပါသည်။ ၎င်းပြင် ထိုမိန်းမမှာ အရာခပ်သိမ်းတို့ ချီးမြှင့် ပေးသနားခြင်းခံရသည့်ပြင် ၎င်း၌ ကြီးကျယ်ခမ်းနားသော ပလ္လင်တစ်ခုသည်လည်း ရှိပါသည်။
وَجَدْتُهَا وَقَوْمَهَا يَسْجُدُونَ لِلشَّمْسِ مِنْ دُونِ اللَّهِ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ فَهُمْ لَا يَهْتَدُونَ
ကျွန်တော်မျိုးသည် ထိုမိန်းမအားလည်းကောင်း၊ထိုမိန်းမ၏အမျိုးသားတို့အားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ နေကိုပျပ်ဝပ်ဦးချ (ကိုးကွယ်ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါသည်။ စင်စစ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏ပြုမူချက်များကို ၎င်းတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်၍ထားပါသည်။ တစ်ဖန် ထိုရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား(မှန်ကန်သော)တရားလမ်းမှ ပိတ်ပင်တားဆီး၍ထားခဲ့ရာ ၎င်းတို့သည် တရားလမ်းမှန်ကိုမရနိုင်ကြပါ။
أَلَّا يَسْجُدُوا لِلَّهِ الَّذِي يُخْرِجُ الْخَبْءَ فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُخْفُونَ وَمَا تُعْلِنُونَ
အကြင် အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ (ဆည်းကပ်ကိုးကွယ်)ကြရန် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ပထဝီမြေ၌ လည်းကောင်း၊ ဖုံးအုပ်လျက်ရှိသည်ကို အပြင်သို့ ထွက်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြကုန်သော ကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော ကိစ္စများကို(အလုံးစုံတို့ကို) သိရှိတော်မူ၏။

Choose other languages: