Quran Apps in many lanuages:

Surah An-Nahl Ayahs #84 Translated in Burmese

وَاللَّهُ جَعَلَ لَكُمْ مِنْ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُمْ مِنْ جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏ သားရေများဖြင့် အိမ်များပြုလုပ်တော်မူခဲ့၏။ အသင်တို့သည် ယင်းအိမ်များကို မိမိတို့ခရီးသွားသောနေ့တွင်လည်းကောင်း၊ မိမိစခန်းချသော နေ့တွင်လည်းကောင်း၊ ပေါ့ပေါ့ပါးပါး တွေ့ရှိကြပေသည်။ ၎င်းပြင် ယင်းတိရစ္ဆာန်များ၏ သိုးမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ သားမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ အမွေးအမှင် များဖြင့်လည်းကောင်း၊ အိမ်သုံးပစ္စည်းများနှင့် (အချိန်ကာလကြာမြင့်စွာ)အကျိုးခံစားဖွယ်ဝတ္ထုပစ္စည်း များကို ပြုလုပ်တော်မူခဲ့လေသည်။
وَاللَّهُ جَعَلَ لَكُمْ مِمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُمْ مِنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُمْ بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)
فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွဲလွှဲဖယ်ခဲ့ကြပါလျှင် (အို-နဗီတမန်တော်) အသင်၏အပေါ်၌(ငါအရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ဆောင်ရန်တာဝန်သာလျှင်ရှိပေသတည်း။
يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنْكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
وَيَوْمَ نَبْعَثُ مِنْ كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ
၎င်းပြင် (အို-နဗီတမန်တော်အသင်သည် မိမိအမျိုးသားတို့များအား) အကြင်နေ့(၏အကြောင်း)ကို (ပြောပြပါလေ)။ ငါအရှင်မြတ်သည်(ထိုနေ့တွင်) သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးကို ထူတော်မူမည်။ ထို့နောက် ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့အဖို့(အကြောင်းပြနိုင်ရန်) ခွင့်ပြုခြင်းလည်းခံရမည် မဟုတ်ပေ။ ထိုမှတစ်ပါး ထိုသွေဖည် ငြင်းပယ်သောသူတို့သည် ကျေရာကျေကြောင်း ပြုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည် မဟုတ်ပေတကား။

Choose other languages: