Quran Apps in many lanuages:

Surah An-Nahl Ayahs #70 Translated in Burmese

وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ
ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းသတ္တဝါများ၌ အမှန်ပင် သင်ခန်းစာရှိပေသည်။ငါအရှင်မြတ်သည် အသင်တို့အား ၎င်း၏ဝမ်းဗိုက်တွင်းရှိအစာဟောင်းနှင့်သွေး၏အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့ အရသာရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။
وَمِنْ ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْقِلُونَ
ထိုမှတစ်ပါး စွန်ပလွံပင်များ၏ အသီးများ၌လည်းကောင်း၊ စပျစ်သီးများ၌လည်းကောင်း၊ အသင်တို့သည်ထိုအရာဖြင့် မူးယစ်စေသောအရာကိုလည်းကောင်း၊ ကောင်းမွန်သော စားကောင်းသောက်ဖွယ် ရာကိုလည်းကောင်း၊ ပြုလုပ်ကြကုန်၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသည်။
وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ
၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။ အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်းကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊ (မိမိတို့)နေအိမ်များ ပြုလုပ်လေကုန်။
ثُمَّ كُلِي مِنْ كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِنْ بُطُونِهَا شَرَابٌ مُخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِلنَّاسِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ
ထို့နောက်အသင်သည်အသီးအနှံအမျိုးမျိးကိုစုတ်ယူစားသုံးလေသည်။ တစ်ဖန်အသင်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ လွယ်ကူလျက်ရှိသောလမ်းများကို လျှောက်လေလော့။ ယင်းပျားကောင်၏ဝမ်းဗိုက်များမှ အရောင်အမျိုးစုံရှိသော သောက်သုံးဖွယ်ရာ(ပျားရည်)သည်ထွက်လေသည်။ ယင်းသောက်သုံးဖွယ်(ပျားရည်)၌လူတို့အဖို့ အနာရောဂါ ပျောက် ကင်းခြင်းသည်ရှိပေသည်။ ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင် ခြင်တတ်သောသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိပေသတည်း။
وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ
င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ် သို့ ပြန်ရောက်စေခြင်းကို ခံရသောသူများလည်းရှိပေသည်။ နောက်ဆုံးတွင်ထိုသူများ သည် သိပြီး နောက် (သတိပညာ ချွတ်ယွင်းသွားသောကြောင့်) မည်သည့် တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်းမရှိ (ကြ)တော့ ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ ကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင် တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: