Quran Apps in many lanuages:

Surah An-Nahl Ayahs #56 Translated in Burmese

وَلَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَلَهُ الدِّينُ وَاصِبًا ۚ أَفَغَيْرَ اللَّهِ تَتَّقُونَ
ထို့ပြင် မိုးကောင်းကင်များ၌ ရှိကုန်သော (သက်ရှိသက်မဲ့) အရာဝတ္ထု အလုံးစုံတို့သည်လည်း ကောင်း၊ ပထဝီမြေ၌ရှိကုန်သော (သက်ရှိသက်မဲ့) အရာဝတ္ထုခပ်သိမ်းတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာဖြစ်ကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ၏(အမိန့်တော်)ကိုသာ ထာဝစဉ် လိုက်နာရပေမည်။ သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်အခြားတစ်စုံတစ်ရာကိုကြောက်ရွံ့ကြလေသလော။
وَمَا بِكُمْ مِنْ نِعْمَةٍ فَمِنَ اللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ الضُّرُّ فَإِلَيْهِ تَجْأَرُونَ
ထိုမှတစ်ပါး မည်သည့်ကျေးဇူးတော်မဆို အသင်တို့၌ရှိခဲ့လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ချီးမြှင့်တော်မူသော) ကျေးဇူးတော်သာဖြစ်၏။ ထို့နောက် အသင်တို့၌ ဘေးဒုက္ခသက်ရောက်ခဲ့သောအခါ အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် (ကူညီစောင်မတော်မူပါဟု) ဟစ်ကြွေးပန်ကြားကြကုန်သတည်း။
ثُمَّ إِذَا كَشَفَ الضُّرَّ عَنْكُمْ إِذَا فَرِيقٌ مِنْكُمْ بِرَبِّهِمْ يُشْرِكُونَ
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ဘေး ဒုက္ခကို အသင်တို့မှ ဖယ်ရှားတော်မူသောအခါ အသင် တို့အနက်မှလူတစ်စုသည် ရုတ်တရက်ပင် (အခြားအရာများကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)ကြကုန်၏။
لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ
နောက်ဆုံးတွင် ၎င်းတို့သည် အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျေးဇူးတော်များနှင့်စပ်လျဉ်း ၍ကျေးဇူးကန်းသွားကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ခေတ္တခဏမျှအဖို့ အကျိုးကျေးဇူးခံစားကြလေကုန်။ ထို့နောက်အသင်တို့သည် မကြာမီသိရှိကြပေမည်။
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ
ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့် ပေးသနားတော်မူသောအရာများအနက် မှ မိမိတို့မသိနားမလည်သော အရာများအဖို့ ဝေစုဝေပုံ ပြုလုပ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ် အသင်တို့သည် မိမိတို့လီဆယ်ဖန်တီးလျက် ရှိသော ကိစ္စများနှင့်စပ်လျဉ်း၍ အမှန်ပင်စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။

Choose other languages: