Quran Apps in many lanuages:

Surah An-Nahl Ayahs #58 Translated in Burmese

ثُمَّ إِذَا كَشَفَ الضُّرَّ عَنْكُمْ إِذَا فَرِيقٌ مِنْكُمْ بِرَبِّهِمْ يُشْرِكُونَ
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ဘေး ဒုက္ခကို အသင်တို့မှ ဖယ်ရှားတော်မူသောအခါ အသင် တို့အနက်မှလူတစ်စုသည် ရုတ်တရက်ပင် (အခြားအရာများကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)ကြကုန်၏။
لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ
နောက်ဆုံးတွင် ၎င်းတို့သည် အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျေးဇူးတော်များနှင့်စပ်လျဉ်း ၍ကျေးဇူးကန်းသွားကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ခေတ္တခဏမျှအဖို့ အကျိုးကျေးဇူးခံစားကြလေကုန်။ ထို့နောက်အသင်တို့သည် မကြာမီသိရှိကြပေမည်။
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ
ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့် ပေးသနားတော်မူသောအရာများအနက် မှ မိမိတို့မသိနားမလည်သော အရာများအဖို့ ဝေစုဝေပုံ ပြုလုပ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ် အသင်တို့သည် မိမိတို့လီဆယ်ဖန်တီးလျက် ရှိသော ကိစ္စများနှင့်စပ်လျဉ်း၍ အမှန်ပင်စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။
وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ ۙ وَلَهُمْ مَا يَشْتَهُونَ
ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌သမီးများရှိကြသည်ဟု ယိုးစွပ်ကြကုန်၏။ ထိုအရှင် မြတ်သည်(၎င်းတို့စွပ်စွဲပြောဆိုကြသည်များမှလုံးဝ) သန့်ရှင်းစင်ကြယ်တော်မူ၏။ သို့ရာတွင် ၎င်းတို့အဖို့ ၎င်းတို့နှစ်သက်ကြသောအရာသည် ရှိပေသည်။
وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
စင်စစ်သော်ကား ၎င်းတို့အနက် တစ်စုံတစ်ယောက်သည် သမီးမိန်ကလေးနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းကို ခံရလေသောအခါ ၎င်း၏မျက်နှာသည် (ရုတ်တရက်ချက်ချင်း) ညိုမည်း၍ သွားလေတော့၏။ ထိုမှတစ်ပါး၎င်းသည် ကျိတ်၍ ပူဆွေးလျက်ရှိပေသည်။

Choose other languages: