Quran Apps in many lanuages:

Surah An-Nahl Ayahs #60 Translated in Burmese

وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ
ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့် ပေးသနားတော်မူသောအရာများအနက် မှ မိမိတို့မသိနားမလည်သော အရာများအဖို့ ဝေစုဝေပုံ ပြုလုပ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ် အသင်တို့သည် မိမိတို့လီဆယ်ဖန်တီးလျက် ရှိသော ကိစ္စများနှင့်စပ်လျဉ်း၍ အမှန်ပင်စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။
وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ ۙ وَلَهُمْ مَا يَشْتَهُونَ
ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌သမီးများရှိကြသည်ဟု ယိုးစွပ်ကြကုန်၏။ ထိုအရှင် မြတ်သည်(၎င်းတို့စွပ်စွဲပြောဆိုကြသည်များမှလုံးဝ) သန့်ရှင်းစင်ကြယ်တော်မူ၏။ သို့ရာတွင် ၎င်းတို့အဖို့ ၎င်းတို့နှစ်သက်ကြသောအရာသည် ရှိပေသည်။
وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
စင်စစ်သော်ကား ၎င်းတို့အနက် တစ်စုံတစ်ယောက်သည် သမီးမိန်ကလေးနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းကို ခံရလေသောအခါ ၎င်း၏မျက်နှာသည် (ရုတ်တရက်ချက်ချင်း) ညိုမည်း၍ သွားလေတော့၏။ ထိုမှတစ်ပါး၎င်းသည် ကျိတ်၍ ပူဆွေးလျက်ရှိပေသည်။
يَتَوَارَىٰ مِنَ الْقَوْمِ مِنْ سُوءِ مَا بُشِّرَ بِهِ ۚ أَيُمْسِكُهُ عَلَىٰ هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ ۗ أَلَا سَاءَ مَا يَحْكُمُونَ
၎င်းသည် မိမိကို မကောင်းသတင်းပေးခြင်းကိုခံရသောကြောင့် လူများထံမှမမြင်နိုင်ကြလေအောင် ပုန်းကွယ်လေသည်။ (ထို့ပြင်) ယင်းသည် ထိုမိန်းကလေးကို ယုတ်ညံ့သောအခြေအနေနှင့် ထိန်းသိမ်း၍ ထားရပါမည်လော။ သို့တည်းမဟုတ် ၎င်းအား မြေကြီးထဲ၌ မြှုပ်ရပါမည်လောဟု(သို့လော၊ သို့လော ဖြစ်၍နေပေသည်)။ သတိပြုကြလေကုန်။၎င်းတို့၏ ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့လှပေသတည်း။
لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ ۖ وَلِلَّهِ الْمَثَلُ الْأَعْلَىٰ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
နောင်တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၌ မကောင်းသော အရည်အချင်းရှိ၏။ သို့ရာတွင်အလ္လာဟ်အရှင် မြတ်၌မူကား မြင့်မြတ်လှစွာသော အရည်အချင်းများသည်ရှိကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။

Choose other languages: