Quran Apps in many lanuages:

Surah An-Nahl Ayahs #50 Translated in Burmese

أَوْ يَأْخُذَهُمْ فِي تَقَلُّبِهِمْ فَمَا هُمْ بِمُعْجِزِينَ
သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့သွားလာနေခိုက် ဖမ်းဆီးကွပ်မျက် တော်မူမည်ကို(စိုးရိမ်ခြင်းမရှိကြသလော)။ သို့ဖမ်းဆီး တော်မူပါလျှင် ၎င်းတို့သည် (ထိုအရှင်မြတ်အား) မစွမ်းဆောင်နိုင်တော်မူအောင်တားဆီးနိုင်ကြသူများ မဟုတ်ပေ။
أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ
သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား တဖြည်းဖြည်း ဖမ်းဆီးကွပ်မျက်တော်မူမည်ကို (စိုးရိမ်ခြင်းကင်း၍နေကြသလော)။ သို့ရာတွင် ဧကန်မလွဲ အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်သနား ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
أَوَلَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَيَّأُ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ
အသို့ပါနည်း၊ ၎င်းတို့သည် အလ္လာဟ် အရှင်မြတ်ဖန်ဆင်းတော်မူသော အကြင်အရာများကို မကြည့်ရှုခဲ့ကြလေသလော။ ထိုအရာများ၏ အရိပ်ဆာယာများသည် လက်ယာမှလည်းကောင်း၊ လက်ဝဲဘက်များမှလည်းကောင်း၊ တိမ်းယိမ်းကာ အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ကျိုးနွံ့စွာပျပ်ဝပ်ဦးချလျက် ရှိကြကုန်သတည်း။
وَلِلَّهِ يَسْجُدُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مِنْ دَابَّةٍ وَالْمَلَائِكَةُ وَهُمْ لَا يَسْتَكْبِرُونَ
ထိုနည်းတူစွာ မိုးကောင်းကင်များ၌ လည်းကောင်းပထဝီမြေ၌လည်းကောင်း၊ ရှိသမျှသောသွားလာလှုပ်ရှားသည့် သက်ရှိသတ္တဝါများနှင့် မလာအိကဟ်ကောင်းကင်တမန် အပေါင်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုပင် လိုက်နာကြကုန်၏။ စင်စစ်သော်ကား ထိုကောင်းကင်တမန်တို့သည် မာနထောင်လွှားကြသည် မဟုတ်ပေ။
يَخَافُونَ رَبَّهُمْ مِنْ فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۩
င်းတို့သည် မိမိတို့ထက်၌လွှမ်းမိုးလျက် ရှိတော်မူသော မိမိတို့၏အရှင်မြတ်အား ကြောက်ရွံ့ကြလေသည်။ ထိုမှတစ်ပါး 4င်းတို့သည် မိမိတို့အား ချမှတ်ပေးတော်မူသော အမိန့်တော်များကို လိုက်နာဆောင်ရွက်ကြသည်သာတည်း။

Choose other languages: