Quran Apps in many lanuages:

Surah An-Nahl Ayahs #52 Translated in Burmese

أَوَلَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَيَّأُ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ
အသို့ပါနည်း၊ ၎င်းတို့သည် အလ္လာဟ် အရှင်မြတ်ဖန်ဆင်းတော်မူသော အကြင်အရာများကို မကြည့်ရှုခဲ့ကြလေသလော။ ထိုအရာများ၏ အရိပ်ဆာယာများသည် လက်ယာမှလည်းကောင်း၊ လက်ဝဲဘက်များမှလည်းကောင်း၊ တိမ်းယိမ်းကာ အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ကျိုးနွံ့စွာပျပ်ဝပ်ဦးချလျက် ရှိကြကုန်သတည်း။
وَلِلَّهِ يَسْجُدُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مِنْ دَابَّةٍ وَالْمَلَائِكَةُ وَهُمْ لَا يَسْتَكْبِرُونَ
ထိုနည်းတူစွာ မိုးကောင်းကင်များ၌ လည်းကောင်းပထဝီမြေ၌လည်းကောင်း၊ ရှိသမျှသောသွားလာလှုပ်ရှားသည့် သက်ရှိသတ္တဝါများနှင့် မလာအိကဟ်ကောင်းကင်တမန် အပေါင်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုပင် လိုက်နာကြကုန်၏။ စင်စစ်သော်ကား ထိုကောင်းကင်တမန်တို့သည် မာနထောင်လွှားကြသည် မဟုတ်ပေ။
يَخَافُونَ رَبَّهُمْ مِنْ فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۩
င်းတို့သည် မိမိတို့ထက်၌လွှမ်းမိုးလျက် ရှိတော်မူသော မိမိတို့၏အရှင်မြတ်အား ကြောက်ရွံ့ကြလေသည်။ ထိုမှတစ်ပါး 4င်းတို့သည် မိမိတို့အား ချမှတ်ပေးတော်မူသော အမိန့်တော်များကို လိုက်နာဆောင်ရွက်ကြသည်သာတည်း။
وَقَالَ اللَّهُ لَا تَتَّخِذُوا إِلَٰهَيْنِ اثْنَيْنِ ۖ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ ۖ فَإِيَّايَ فَارْهَبُونِ
စင်စစ် အလ္လာဟ်အရှင်မြတ်က (ဝေနေယျသတ္တဝါအပေါင်းတို့အား နဗီတမန်တော်များမှတစ်ဆင့်) အသင်တို့သည် ကိုးကွယ်ရာအရှင်နှစ်ပါး(ရှိသည်ဟု ယူဆကိုးကွယ်ခြင်း) မပြုကြကုန်လင့်။ ထိုကိုးကွယ်ရာ အရှင်ကား တစ်ဆူတည်းသာလျှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ကြောက်ရွံ့ကြလေကုန်ဟု(အမိန့်တော်ထုတ်ပြန်) မိန့်ကြားတော်မူခဲ့လေသည်။
وَلَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَلَهُ الدِّينُ وَاصِبًا ۚ أَفَغَيْرَ اللَّهِ تَتَّقُونَ
ထို့ပြင် မိုးကောင်းကင်များ၌ ရှိကုန်သော (သက်ရှိသက်မဲ့) အရာဝတ္ထု အလုံးစုံတို့သည်လည်း ကောင်း၊ ပထဝီမြေ၌ရှိကုန်သော (သက်ရှိသက်မဲ့) အရာဝတ္ထုခပ်သိမ်းတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာဖြစ်ကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ၏(အမိန့်တော်)ကိုသာ ထာဝစဉ် လိုက်နာရပေမည်။ သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်အခြားတစ်စုံတစ်ရာကိုကြောက်ရွံ့ကြလေသလော။

Choose other languages: