Quran Apps in many lanuages:

Surah An-Nahl Ayahs #123 Translated in Burmese

ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ထို့နောက် ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့၊ ၎င်းတို့သည် အသိပညာကင်းမဲ့သောကြောင့် မကောင်းမှုကို ကျင့်မူခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(မိမိတို့အခြေအနေကိုလည်း) ပြုပြင်ခဲ့ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သူတို့ဝန်ချတောင်းပန်ပြီး)နောက်တွင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ
မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့အနက်မှ မဖြစ်ခဲ့ချေ။
شَاكِرًا لِأَنْعُمِهِ ۚ اجْتَبَاهُ وَهَدَاهُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုအရှင်မြတ်၏ ကျေးဇူးတော်များကို အလွန် သိတတ်၍ကျေးဇူးတင်ရှိသူဖြစ်ခဲ့၏။ ထိုအရှင်မြတ်သည် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်အား ရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းသို့လည်း ပို့တော်မူခဲ့သတည်း။
وَآتَيْنَاهُ فِي الدُّنْيَا حَسَنَةً ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား ဤမျက်မှောက်လောက၌လည်း၊ကောင်းမြတ်ခြင်းကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင်ဧကန်စင်စစ် ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည်တမလွန်ဘဝ၌လည်း အမှန်ပင် သူတော်စင်တို့အနက်မှဖြစ်အံ့သတည်း။ပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။
ثُمَّ أَوْحَيْنَا إِلَيْكَ أَنِ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ထို့နောက် ငါအရှင်မြတ်သည် အသင်တို့၏ထံသို့ (နဗီတမန်တော်)အီဗ်ရာဟီမ်၏ လမ်းစဉ်ကို လိုက်နာပါလေဟု အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ (အမှန်စင်စစ်ယင်းနဗီတမန်တော် အီဗ်ရာဟီမ်သည်) ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့၏။ ၎င်းပြင် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှလည်းမဖြစ်ခဲ့ချေ။

Choose other languages: