Quran Apps in many lanuages:

Surah An-Nahl Ayahs #125 Translated in Burmese

شَاكِرًا لِأَنْعُمِهِ ۚ اجْتَبَاهُ وَهَدَاهُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုအရှင်မြတ်၏ ကျေးဇူးတော်များကို အလွန် သိတတ်၍ကျေးဇူးတင်ရှိသူဖြစ်ခဲ့၏။ ထိုအရှင်မြတ်သည် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်အား ရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းသို့လည်း ပို့တော်မူခဲ့သတည်း။
وَآتَيْنَاهُ فِي الدُّنْيَا حَسَنَةً ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား ဤမျက်မှောက်လောက၌လည်း၊ကောင်းမြတ်ခြင်းကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင်ဧကန်စင်စစ် ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည်တမလွန်ဘဝ၌လည်း အမှန်ပင် သူတော်စင်တို့အနက်မှဖြစ်အံ့သတည်း။ပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။
ثُمَّ أَوْحَيْنَا إِلَيْكَ أَنِ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ထို့နောက် ငါအရှင်မြတ်သည် အသင်တို့၏ထံသို့ (နဗီတမန်တော်)အီဗ်ရာဟီမ်၏ လမ်းစဉ်ကို လိုက်နာပါလေဟု အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ (အမှန်စင်စစ်ယင်းနဗီတမန်တော် အီဗ်ရာဟီမ်သည်) ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့၏။ ၎င်းပြင် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှလည်းမဖြစ်ခဲ့ချေ။
إِنَّمَا جُعِلَ السَّبْتُ عَلَى الَّذِينَ اخْتَلَفُوا فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
စဗ်တ် (ဥပုသ်)နေ့(ကို ရိုသေလေးစားရန်အမိန့်တော်)သည် ထို စဗ်တ် (ဥပုသ်)နေ့နှင့် စပ်လျဉ်း၍သဘောကွဲလွဲကြကုန်သောသူတို့အပေါ် ၌သာလျှင် (အတည်)ပြုလုပ်ခြင်း ခံခဲ့ရလေသည်။ ၎င်းပြင် ဧကန်အမှန် အသင့်အားဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ကိယာမတ်ရှင်ကြကပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။
ادْعُ إِلَىٰ سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ ۖ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
(အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဉာဏ်ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမဩဝါဒနှင့်လည်းကောင်း၊ ဖိတ်ခေါ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ တိမ်းလွဲခဲ့သောသူအား အသိဆုံးဖြစ်တော် မူပေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည်ပင် တရားလမ်းမှန်ကို ရရှိကြကုန်သောသူတို့အားလည်း အသိဆုံး ဖြစ်တော်မူချေသတည်း။

Choose other languages: