Quran Apps in many lanuages:

Surah An-Nahl Ayahs #117 Translated in Burmese

وَلَقَدْ جَاءَهُمْ رَسُولٌ مِنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းရစူလ် တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ မတရားသောသူများဖြစ်နေကြစဉ်ဖမ်းဆီး ကွပ်မျက်ခဲ့လေသည်။
فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့အားအလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော အရာများအနက် သန့်ရှင်းစင်ကြယ်သော၊ စားသုံးခွင့် ပြုတော်မူသော၊အရာများကို စားသုံးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူး တော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။
إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ဝက်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား)ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ထိုမှတစ်ပါး အသင်တို့သည် မိမိတု့ိ၏နှုတ်လျှာများက မုသားကိုပြောဆိုပြဋ္ဌာန်းခဲ့သောကြောင့် ဤကားဟလာလ်ခွင့်ပြုထားသောအရာဖြစ်သည်။ ဤကား ဟရာမ်တားမြစ်ထားသောအရာ ဖြစ်သည်ဟူ၍ မပြောဆိုကြကုန်လင့်။ ထိုသို့ပြောဆိုလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြသည်သာ ဖြစ်ပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြသောသူတို့သည် အောင်မြင်ကြမည် မဟုတ်ပေ။
مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ
အနည်းငယ်မျှအကျိုးခံစားမှုပင် ဖြစ်ပေသည်။၎င်းပြင် ထိုသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် ရှိပေမည်။

Choose other languages: