Quran Apps in many lanuages:

Surah An-Nahl Ayahs #119 Translated in Burmese

إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ဝက်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား)ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ထိုမှတစ်ပါး အသင်တို့သည် မိမိတု့ိ၏နှုတ်လျှာများက မုသားကိုပြောဆိုပြဋ္ဌာန်းခဲ့သောကြောင့် ဤကားဟလာလ်ခွင့်ပြုထားသောအရာဖြစ်သည်။ ဤကား ဟရာမ်တားမြစ်ထားသောအရာ ဖြစ်သည်ဟူ၍ မပြောဆိုကြကုန်လင့်။ ထိုသို့ပြောဆိုလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြသည်သာ ဖြစ်ပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြသောသူတို့သည် အောင်မြင်ကြမည် မဟုတ်ပေ။
مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ
အနည်းငယ်မျှအကျိုးခံစားမှုပင် ဖြစ်ပေသည်။၎င်းပြင် ထိုသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် ရှိပေမည်။
وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِنْ قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ထို့နောက် ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့၊ ၎င်းတို့သည် အသိပညာကင်းမဲ့သောကြောင့် မကောင်းမှုကို ကျင့်မူခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(မိမိတို့အခြေအနေကိုလည်း) ပြုပြင်ခဲ့ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သူတို့ဝန်ချတောင်းပန်ပြီး)နောက်တွင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: