Quran Apps in many lanuages:

Surah Al-Qasas Ayahs #87 Translated in Burmese

تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ
ဤသည် တမလွန်ဘဝ၏ ဗိမာန်တည်း။ ငါအရှင်မြတ်သည် ထိုဗိမာန်ကို အကြင်သူတို့အဖို့ သတ်မှတ်ပေးသနားတော်မူသည်။ ထိုသူတို့သည် တိုင်းပြည်တွင် မောက်မာပလွှားမှုကိုလည်း အလိုရှိကြသည် မဟုတ်ပေ။ ဖျက်ဆီးမှုကိုလည်း လိုလားကြသည်မဟုတ်ပေ။ စင်စစ်သော်ကား (ကောင်းမြတ်သော) အကျိုးဆက်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့သာ ဖြစ်ပေသည်။
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا ۖ وَمَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى الَّذِينَ عَمِلُوا السَّيِّئَاتِ إِلَّا مَا كَانُوا يَعْمَلُونَ
မည်သူမဆို ကောင်းမှုကို ဆောင်ကြဉ်းခဲ့သည်ရှိသော်၊ ထိုသူ၏အဖို့ ယင်းကောင်းမှုထက် ပိုမိုကောင်းမြတ်သော (အကျိုး)သည် ရှိပေသည်။ သို့ရာတွင် မည်သူမဆို မကောင်းမှုဆောင်ကြဉ်းခဲ့မူ မကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကား မိမိတို့ကျင့်မူခဲ့ကြကုန်သော ပြစ်မှုနှင့်အမျှသာလျှင် အစားပေးခြင်းကို ခံကြရကုန်အံ့သတည်း။
إِنَّ الَّذِي فَرَضَ عَلَيْكَ الْقُرْآنَ لَرَادُّكَ إِلَىٰ مَعَادٍ ۚ قُلْ رَبِّي أَعْلَمُ مَنْ جَاءَ بِالْهُدَىٰ وَمَنْ هُوَ فِي ضَلَالٍ مُبِينٍ
ဧကန်မလွဲ (အို-နဗီတမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (ချမှတ်)ပြဌာန်း၍ ပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိနေရပ်သို့ အမှန်ပင်ပြန်၍ ပို့ပေးတော်မူအံ့သော အရှင်ဖြစ်တော်မူ၏။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ကို ဆောင်ကြဉ်းခဲ့သောသူအားလည်းကောင်း၊ ထင်ရှားစွာသော လမ်းမှား၌ ရှိနေသောသူအားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။
وَمَا كُنْتَ تَرْجُو أَنْ يُلْقَىٰ إِلَيْكَ الْكِتَابُ إِلَّا رَحْمَةً مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِلْكَافِرِينَ
စင်စစ် အသင်သည် မိမိထံသို့(ဤကုရ်အာန်)ကျမ်းမြတ် ချပေးသနားတော်မူခြင်းခံရမည်ဟု မျှော်လင့်၍ နေခဲ့သည်ပင် မဟုတ်ပေ။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ဖြင့် (ကျရောက်လာခဲ့လေပြီ)။ သို့ဖြစ်ပေရာ အသင်သည်(ဤ)’ကာဖိရ်’သွေဖည်ငြင်းပယ်ကြသော သူတို့အား ကူညီထောက်ခံသူ အလျှင်း မဖြစ်ပါလေနှင့်။
وَلَا يَصُدُّنَّكَ عَنْ آيَاتِ اللَّهِ بَعْدَ إِذْ أُنْزِلَتْ إِلَيْكَ ۖ وَادْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ထို့ပြင် အသင့်ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ ကျရောက်လာခဲ့ပြီးနောက်၊ ၎င်းတို့သည် အသင့်အား ထိုအမိန့်တော်များမှ လုံးဝတားဆီးခြင်း မပြုကြစေနှင့်။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့(လူတို့အား) ဖိတ်ခေါ်လျက်ရှိပါလေ။၎င်းပြင် အသင်သည်’မုရှ်ရစ်က်’တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော သူတို့တွင် အပါအဝင် အလျှင်း မဖြစ်ပါလေနှင့်။

Choose other languages: