Quran Apps in many lanuages:

Surah Al-Qasas Ayahs #81 Translated in Burmese

وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ ۖ وَلَا تَنْسَ نَصِيبَكَ مِنَ الدُّنْيَا ۖ وَأَحْسِنْ كَمَا أَحْسَنَ اللَّهُ إِلَيْكَ ۖ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ ۖ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ
၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ မိမိ၏ဝေစုဝေပုံ၊(နောင်တမလွန်ဘဝသို့ ယူဆောင်သွားရန်) မမေ့မလျော့လေနှင့်။ ထိုမှတစ်ပါး အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူ ဘိသကဲ့သို့ပင် အသင်သည်လည်း (သူတစ်ပါးတို့အား)ကျေးဇူးပြုလော့။အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားလေနှင့်။ မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِنْدِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِنْ قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَنْ ذُنُوبِهِمُ الْمُجْرِمُونَ
ထို ‘ကာရူန်’ က ငါသည် ဤ(ဥစ္စာပစ္စည်းရွှေငွေဘဏ္ဍာများ)ကို မိမိအတတ်ပညာတစ်ခုကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အလျင် ၎င်းထက် ပိုမို၍ပင် ခွန်အားဗလအားဖြင့် ပြင်းထန်လှသည့်ပြင် အခြွေအရံအားဖြင့်လည်း ၎င်းထက်ပိုမို၍ များပြားသောမျိုးဆက်တို့အား ဖျက်ဆီးတော်မူခဲ့ကြောင်းကို ကာရူန်သည် မသိခဲ့လေသလော။ အပြစ်ရှိသော သူတို့အား ၎င်းတို့၏ ပြစ်မှုများနှင့်စပ်လျဉ်း၍(စုံစမ်းသည့်အနေဖြင့်) မေးမြန်းရန်ပင်လိုလိမ့်မည် မဟုတ်ပေတကား။
فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
ထို့နောက် ထို’ကာရူန်’သည် မိမိအမျိုးသားတို့ရှေ့ဝယ် မိမိအခမ်းအနားနှင့်တကွ ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝကို အလိုရှိသူတို့က ‘ဪ-ကာရူန်ရရှိခဲ့သော ဥစ္စာပစ္စည်း (အခမ်းအနား)မျိုးသည် ကျွန်ုပ်တို့၌လည်းရှိခဲ့လျှင် ကောင်းလေစွ၊ ဧကန်မလွဲ ထိုကာရူန်မှာ ကြီးကျယ်စွာသော အကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေသည်တကား’ ဟုဆိုခဲ့ကြကုန်၏။
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ
သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ် အထံတော်မှ(ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး ‘ဆဝါဗ်’ သည် အကောင်းဆုံးပင် ဖြစ်ပေသည်။သို့ရာတွင် ယင်းအကျိုး ‘ဆဝါဗ်’ကို သည်းခံတရား ထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်’ဟု ပြောဆိုခဲ့ကြကုန်သတည်း။
فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِنْ فِئَةٍ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنْتَصِرِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို ‘ကာရူန်’အား၎င်း၏အိမ်နှင့်တကွ မြေမျိုစေတော်မူခဲ့ရာ၊ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ၎င်းအား ကူညီစောင်မမည့် အစုလည်းမရှိခဲ့ပေ။ ၎င်းကိုယ်တိုင်လည်း (မိမိ ကိုယ်ကို) ကယ်တင်နိုင်ခဲ့သည်မဟုတ်ပေ။

Choose other languages: