Quran Apps in many lanuages:

Surah Al-Qasas Ayahs #83 Translated in Burmese

فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
ထို့နောက် ထို’ကာရူန်’သည် မိမိအမျိုးသားတို့ရှေ့ဝယ် မိမိအခမ်းအနားနှင့်တကွ ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝကို အလိုရှိသူတို့က ‘ဪ-ကာရူန်ရရှိခဲ့သော ဥစ္စာပစ္စည်း (အခမ်းအနား)မျိုးသည် ကျွန်ုပ်တို့၌လည်းရှိခဲ့လျှင် ကောင်းလေစွ၊ ဧကန်မလွဲ ထိုကာရူန်မှာ ကြီးကျယ်စွာသော အကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေသည်တကား’ ဟုဆိုခဲ့ကြကုန်၏။
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ
သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ် အထံတော်မှ(ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး ‘ဆဝါဗ်’ သည် အကောင်းဆုံးပင် ဖြစ်ပေသည်။သို့ရာတွင် ယင်းအကျိုး ‘ဆဝါဗ်’ကို သည်းခံတရား ထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်’ဟု ပြောဆိုခဲ့ကြကုန်သတည်း။
فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِنْ فِئَةٍ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنْتَصِرِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို ‘ကာရူန်’အား၎င်း၏အိမ်နှင့်တကွ မြေမျိုစေတော်မူခဲ့ရာ၊ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ၎င်းအား ကူညီစောင်မမည့် အစုလည်းမရှိခဲ့ပေ။ ၎င်းကိုယ်တိုင်လည်း (မိမိ ကိုယ်ကို) ကယ်တင်နိုင်ခဲ့သည်မဟုတ်ပေ။
وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ ۖ لَوْلَا أَنْ مَنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُ لَا يُفْلِحُ الْكَافِرُونَ
ထိုမှတစ်ပါး ယမန်နေ့က ၎င်းကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသော သူတို့က ‘ဪ-အံ့ပါဘိ။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုမရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူပါသည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာဖြစ်ပေသည်။ ဪ-အကျိုးနည်းလေခြင်း၊ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ အောင်မြင်ကြသည် မဟုတ်ပေတကား’ဟု ပြောဆိုကြကုန်သတည်း။
تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ
ဤသည် တမလွန်ဘဝ၏ ဗိမာန်တည်း။ ငါအရှင်မြတ်သည် ထိုဗိမာန်ကို အကြင်သူတို့အဖို့ သတ်မှတ်ပေးသနားတော်မူသည်။ ထိုသူတို့သည် တိုင်းပြည်တွင် မောက်မာပလွှားမှုကိုလည်း အလိုရှိကြသည် မဟုတ်ပေ။ ဖျက်ဆီးမှုကိုလည်း လိုလားကြသည်မဟုတ်ပေ။ စင်စစ်သော်ကား (ကောင်းမြတ်သော) အကျိုးဆက်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့သာ ဖြစ်ပေသည်။

Choose other languages: