Quran Apps in many lanuages:

Surah Al-Qasas Ayahs #70 Translated in Burmese

فَعَمِيَتْ عَلَيْهِمُ الْأَنْبَاءُ يَوْمَئِذٍ فَهُمْ لَا يَتَسَاءَلُونَ
ထိုအခါ ၎င်းတို့အပေါ်၌ ထိုနေ့တွင် အလုံးစုံသော သတင်းစကားများသည် ဖုံးအုပ်ပျောက်ကွယ် သွားပေမည်။ ၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး စုံစမ်းမေးမြန်းခြင်းကိုပင် ပြုနိုင်ကြမည်မဟုတ်ပေ။
فَأَمَّا مَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا فَعَسَىٰ أَنْ يَكُونَ مِنَ الْمُفْلِحِينَ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ဝန်ချတောင်းပန်ပြီးနောက် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့သည်ရှိသော်၊ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့သည်ရှိသော် ထိုသူသည် အောင်မြင်မှုကို ရရှိကြကုန်သောသူတို့တွင် အပါအဝင်ဖြစ်နိုင်ရန် မျှော်လင့်ရာချေသတည်း။
وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌ ရွေးချယ်ခွင့်ကား အလျှင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ (လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင်၊ (ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူ၏။
وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများ၌ ကိန်းအောင်းလျက်ရှိသည် တို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကိုလည်းကောင်း၊ (အလုံးစုံ)သိရှိတော်မူ၏။
وَهُوَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْحَمْدُ فِي الْأُولَىٰ وَالْآخِرَةِ ۖ وَلَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် (တစ်ဆူတည်း)သော ဆည်းကပ်ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ကား အလျှင်းမရှိပြီ။ ဤမျက်မှောက် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ထိုအရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ၎င်းပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်သွားကြရကုန် အံ့သတည်း။

Choose other languages: