Quran Apps in many lanuages:

Surah Al-Qasas Ayahs #72 Translated in Burmese

وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌ ရွေးချယ်ခွင့်ကား အလျှင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ (လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင်၊ (ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူ၏။
وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများ၌ ကိန်းအောင်းလျက်ရှိသည် တို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကိုလည်းကောင်း၊ (အလုံးစုံ)သိရှိတော်မူ၏။
وَهُوَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْحَمْدُ فِي الْأُولَىٰ وَالْآخِرَةِ ۖ وَلَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် (တစ်ဆူတည်း)သော ဆည်းကပ်ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ကား အလျှင်းမရှိပြီ။ ဤမျက်မှောက် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ထိုအရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ၎င်းပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်သွားကြရကုန် အံ့သတည်း။
قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် (ငါ့အား)ပြောပြကြလေကုန်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်’ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် ညဉ့်ကို အသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ထံသို့ အလင်းရောင်ကို ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။သို့ပါလျက် အသင်တို့သည် မကြားကြလေသလော။
قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
(အို-နဗီတမန်တော်၊)အသင်သည်(၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် နေ့ကိုအသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ အနားယူကြအံ့သောငှာ ညဉ့်ကို အသင်တို့ထံသို့ ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။

Choose other languages: