Quran Apps in many lanuages:

Surah Al-Qasas Ayahs #57 Translated in Burmese

وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوا آمَنَّا بِهِ إِنَّهُ الْحَقُّ مِنْ رَبِّنَا إِنَّا كُنَّا مِنْ قَبْلِهِ مُسْلِمِينَ
ထို့ပြင် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားသောအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ပါပြီ။ ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းမြတ်)သည် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသည့်) အမှန်တရားပင် ဖြစ်ပါသည်။ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်မကျရောက်မီ) အလျင်ကပင် ‘မွတ်စ်လင်မ်’ အမိန့်တော်ကိုလိုက်နာသူများ ဖြစ်ခဲ့ကြပါသည်ဟု ပြောဆိုခဲ့ကြကုန်၏။
أُولَٰئِكَ يُؤْتَوْنَ أَجْرَهُمْ مَرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ သုံးစွဲလှူဒါန်းကြ သောကြောင့်လည်းကောင်း၊ မိမိတို့၏အကျိုးကို နှစ်ဆ ပေးသနားတော်မူခြင်း ခံကြရပေမည်။
وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ
ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍ အသင်တို့၏ အပြုအမူများမှာ အသင်တို့အဖို့ ဖြစ်သည်။ ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ကျွန်ုပ်တို့သည် အသိပညာ ကင်းမဲ့သူတို့အား အလိုမရှိကြပြီဟု ပြောဆိုခဲ့ကြကုန်သတည်း။
إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။
وَقَالُوا إِنْ نَتَّبِعِ الْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَا ۚ أَوَلَمْ نُمَكِّنْ لَهُمْ حَرَمًا آمِنًا يُجْبَىٰ إِلَيْهِ ثَمَرَاتُ كُلِّ شَيْءٍ رِزْقًا مِنْ لَدُنَّا وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထိုမှတစ်ပါး ၎င်းတို့က ‘အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့မှာ မိမိတို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့အား ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော အကြင် ‘ဟရမ်’ အတွင်း၌ အတည်တကျ နေရာချပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုဟရမ်သို့ အမျိုးမျိုးသောအသီးအနှံများသည် ငါအရှင်မြတ်၏အထံတော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူရောက်ရှိလာပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မသိနားမလည်ကြပေတကား။

Choose other languages: