Quran Apps in many lanuages:

Surah Al-Qasas Ayahs #60 Translated in Burmese

إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။
وَقَالُوا إِنْ نَتَّبِعِ الْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَا ۚ أَوَلَمْ نُمَكِّنْ لَهُمْ حَرَمًا آمِنًا يُجْبَىٰ إِلَيْهِ ثَمَرَاتُ كُلِّ شَيْءٍ رِزْقًا مِنْ لَدُنَّا وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထိုမှတစ်ပါး ၎င်းတို့က ‘အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့မှာ မိမိတို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့အား ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော အကြင် ‘ဟရမ်’ အတွင်း၌ အတည်တကျ နေရာချပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုဟရမ်သို့ အမျိုးမျိုးသောအသီးအနှံများသည် ငါအရှင်မြတ်၏အထံတော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူရောက်ရှိလာပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မသိနားမလည်ကြပေတကား။
وَكَمْ أَهْلَكْنَا مِنْ قَرْيَةٍ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَاكِنُهُمْ لَمْ تُسْكَنْ مِنْ بَعْدِهِمْ إِلَّا قَلِيلًا ۖ وَكُنَّا نَحْنُ الْوَارِثِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မိမိတို့၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုကြောင့် မော်ကြွားရွှင်မြူးခဲ့ကြသော များစွာသော မြို့ရွာတို့ကို ဖျက်ဆီးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ဤသည်တို့ကား ၎င်းတို့၏ နေအိမ်များပင်။ ထိုနေအိမ်များမှာ ၎င်းတို့မရှိကြသည့်နောက်တွင် အနည်းငယ်မျှသော အချိန်ကာလမှအပ စည်ပင်သာယာခဲ့သည် မရှိချေ။ စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် (၎င်းတို့၏အမွေပစ္စည်းတို့ကို) ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူခဲ့ပေသည်။
وَمَا كَانَ رَبُّكَ مُهْلِكَ الْقُرَىٰ حَتَّىٰ يَبْعَثَ فِي أُمِّهَا رَسُولًا يَتْلُو عَلَيْهِمْ آيَاتِنَا ۚ وَمَا كُنَّا مُهْلِكِي الْقُرَىٰ إِلَّا وَأَهْلُهَا ظَالِمُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ၎င်းတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန်တော်တစ်ပါးပါးကို ပွင့်စေတော်မူခြင်း မရှိသမျှကာလပတ်လုံး ဖျက်ဆီးတော်မူသည့် အရှင်မဟုတ်ပေ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၌ နေထိုင်ကြသောသူတို့သည် (လွန်စွာ) မတရားသောသူများ မဖြစ်ကြသမျှ ကာလပတ်လုံး ဖျက်ဆီးတော်မူသောအရှင် မဟုတ်ပေ။
وَمَا أُوتِيتُمْ مِنْ شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا وَزِينَتُهَا ۚ وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَىٰ ۚ أَفَلَا تَعْقِلُونَ
စင်စစ် အသင်တို့ပေးသနားတော်မူခြင်း ခံကြရသောအရာများမှာ ဤပစ္စုပ္ပန်လောကီဘဝ၏ အသုံးအဆောင်နှင့် ဤပစ္စုပ္ပန်လောကီဘဝ၏ တင့်တယ်မှုမျှသာ ဖြစ်ကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာများမှာမူကား အကောင်းဆုံး ဖြစ်ကြသည့်ပြင် အခိုင်အမြဲဆုံးလည်းဖြစ်ကြကုန်၏။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်)မသိ နားမလည်ကြလေသလော။

Choose other languages: