Quran Apps in many lanuages:

Surah Al-Qasas Ayahs #41 Translated in Burmese

وَقَالَ مُوسَىٰ رَبِّي أَعْلَمُ بِمَنْ جَاءَ بِالْهُدَىٰ مِنْ عِنْدِهِ وَمَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
၎င်းပြင် မူစာက ပြောကြားခဲ့၏။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအထံတော်မှ မည်သူတရားလမ်းညွှန်ကို ဆောင်ကြဉ်းခဲ့သည်ကို လည်းကောင်း၊ဤလောကီဘဝ၏ နောက်ဆုံးအကျိုးသည် မည်သူ့အဖို့ရှိမည်ကို လည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန် မတရားကျူးလွန်သောသူတို့သည် အောင်မြင်မှုကိုရရှိကြမည် မဟုတ်ပေတကား။
وَقَالَ فِرْعَوْنُ يَا أَيُّهَا الْمَلَأُ مَا عَلِمْتُ لَكُمْ مِنْ إِلَٰهٍ غَيْرِي فَأَوْقِدْ لِي يَا هَامَانُ عَلَى الطِّينِ فَاجْعَلْ لِي صَرْحًا لَعَلِّي أَطَّلِعُ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ مِنَ الْكَاذِبِينَ
ထို့ပြင် ဖစ်ရ်အောင်န်က ပြောဆိုလေ၏။ အို-မှူးမတ်တို့၊ ကျွန်ုပ်သည် မိမိအပြင် အသင်တို့၌ အခြားကိုးကွယ်ရာရှိသည် ဟူ၍မသိပေ။ သို့ဖြစ်ပေရာ အို-’ဟာမာန်’၊ အသင်သည် ကျွန်ုပ်၏အဖို့ ရွှံ့မြေကို မီးဖြင့်ဖုတ်ပြီးလျှင် ကျွန်ုပ်၏အဖို့ မြင့်မားသော အဆောက်အအုံတစ်ခုကို ပြုလုပ်လော့။သို့မှသာလျှင် ကျွန်ုပ်သည် မူစာ၏ကိုးကွယ်ရာ အရှင်အား ကြည့်ရှုနိုင်ပေမည်။ သို့ရာတွင် ဧကန်မလွဲ ကျွန်ုပ်သည် ထိုမူစာအား မုသာဝါဒီဖြစ်သည်ဟူ၍ ထင်မှတ်ပေသည်။
وَاسْتَكْبَرَ هُوَ وَجُنُودُهُ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَظَنُّوا أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ
စင်စစ်သော်ကား ထိုဖစ်ရ်အောင်န်သည် လည်းကောင်း၊ ဖစ်ရ်အောင်န်၏ရဲမက်တို့သည် လည်းကောင်း၊ တိုင်းပြည်တွင် မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ကြသည် သာမက၊ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား လည်းကောင်း၊ ထိုဖိရ်အောင်(န်)၏ရဲမက်တို့အား လည်းကောင်း၊ ဖမ်းဆီးကာ သမုဒ္ဒရာပင်လယ်ထဲ၌ ပစ်ချတော်မူခဲ့၏။သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) မတရားသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို အသင်သည် ကြည့်ရှုပါလေ။
وَجَعَلْنَاهُمْ أَئِمَّةً يَدْعُونَ إِلَى النَّارِ ۖ وَيَوْمَ الْقِيَامَةِ لَا يُنْصَرُونَ
စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ငရဲသို့ဖိတ်ခေါ်ကြကုန်သော ရှေ့ဆောင်ရှေ့ရပ်များအဖြစ် ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ‘ကိယာမတ်’ ရှင်ပြန် ထမည့်နေ့တွင်ထိုသူတို့သည် ကူညီစောင်မခြင်းကို လုံးဝခံကြရမည်မဟုတ်ပေ။

Choose other languages: