Quran Apps in many lanuages:

Surah Al-Qasas Ayahs #37 Translated in Burmese

قَالَ رَبِّ إِنِّي قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَنْ يَقْتُلُونِ
ထိုမူစာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အနက် လူတစ်ယောက်အား သတ်ဖြတ်မိခဲ့သည် ဖြစ်ရကား၊၎င်းတို့သည် ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။
وَأَخِي هَارُونُ هُوَ أَفْصَحُ مِنِّي لِسَانًا فَأَرْسِلْهُ مَعِيَ رِدْءًا يُصَدِّقُنِي ۖ إِنِّي أَخَافُ أَنْ يُكَذِّبُونِ
စင်စစ် ကျွန်တော်မျိုး၏နောင်တော် ဟာရူန်မှာမူကား၊ ၎င်းမှာ စကားပြောဆိုရာ၌ ကျွန်တော်မျိုး ထက်ပို၍ပင် စကားပီသ အာစလျှာစကောင်းသူ ဖြစ်ပါ၏။ အရှင်မြတ်သည် ထိုနောင်တော်အားလည်း ကျွန်တော်မျိုးနှင့်အတူ ကျွန်တော်မျိုးအား ထောက်ခံ(ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိအား ၎င်းတို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَانًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِآيَاتِنَا أَنْتُمَا وَمَنِ اتَّبَعَكُمَا الْغَالِبُونَ
ထိုအရှင်မြတ်က ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် အသင်၏ လက်ရုံးကိုတိုး၍ အားရှိစေတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ဂုဏ်အရှိန်တစ်မျိုးကို ချီးမြှင့်ပေးသနားတော်မူ မည်ဖြစ်ရကား ၎င်းတို့သည် အသင်တို့နှစ်ဦးအား မည်သို့မျှ ထိပါးနိုင်ကြမည်မဟုတ်ပေ။ (အသင်တို့နှစ်ဦးသည်)ငါအရှင်မြတ်၏ သက်သေလက္ခဏာတော် များနှင့်တကွ (သွားကြလေကုန်)။ အသင်တို့နှစ်ဦးနှင့်တကွ အသင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသောသူတို့ပင် အောင်နိုင်သူများ ဖြစ်ကြကုန်အံ့သတည်း။
فَلَمَّا جَاءَهُمْ مُوسَىٰ بِآيَاتِنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا سِحْرٌ مُفْتَرًى وَمَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
ထို့နောက် မူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ဆောင်ကြဉ်းခဲ့လေရာ ၎င်းတို့က ‘ဤသည် အသစ်တီထွင်ဖန်တီးထားသော ပဉ္စလက်အတတ်မျှသာ ဖြစ်သည်။ စင်စစ် ကျွန်ုပ်တို့သည် မိမိတို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးတို့(လက်ထက်)တွင် ဤသို့သောစကား (ရှိခဲ့ဖူးသည်ဟူ၍လည်း) မကြားခဲ့ဖူးကြပါဟု ဆိုကြကုန်၏။
وَقَالَ مُوسَىٰ رَبِّي أَعْلَمُ بِمَنْ جَاءَ بِالْهُدَىٰ مِنْ عِنْدِهِ وَمَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
၎င်းပြင် မူစာက ပြောကြားခဲ့၏။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအထံတော်မှ မည်သူတရားလမ်းညွှန်ကို ဆောင်ကြဉ်းခဲ့သည်ကို လည်းကောင်း၊ဤလောကီဘဝ၏ နောက်ဆုံးအကျိုးသည် မည်သူ့အဖို့ရှိမည်ကို လည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန် မတရားကျူးလွန်သောသူတို့သည် အောင်မြင်မှုကိုရရှိကြမည် မဟုတ်ပေတကား။

Choose other languages: