Quran Apps in many lanuages:

Surah Al-Qasas Ayahs #39 Translated in Burmese

قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَانًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِآيَاتِنَا أَنْتُمَا وَمَنِ اتَّبَعَكُمَا الْغَالِبُونَ
ထိုအရှင်မြတ်က ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် အသင်၏ လက်ရုံးကိုတိုး၍ အားရှိစေတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ဂုဏ်အရှိန်တစ်မျိုးကို ချီးမြှင့်ပေးသနားတော်မူ မည်ဖြစ်ရကား ၎င်းတို့သည် အသင်တို့နှစ်ဦးအား မည်သို့မျှ ထိပါးနိုင်ကြမည်မဟုတ်ပေ။ (အသင်တို့နှစ်ဦးသည်)ငါအရှင်မြတ်၏ သက်သေလက္ခဏာတော် များနှင့်တကွ (သွားကြလေကုန်)။ အသင်တို့နှစ်ဦးနှင့်တကွ အသင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသောသူတို့ပင် အောင်နိုင်သူများ ဖြစ်ကြကုန်အံ့သတည်း။
فَلَمَّا جَاءَهُمْ مُوسَىٰ بِآيَاتِنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا سِحْرٌ مُفْتَرًى وَمَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
ထို့နောက် မူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ဆောင်ကြဉ်းခဲ့လေရာ ၎င်းတို့က ‘ဤသည် အသစ်တီထွင်ဖန်တီးထားသော ပဉ္စလက်အတတ်မျှသာ ဖြစ်သည်။ စင်စစ် ကျွန်ုပ်တို့သည် မိမိတို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးတို့(လက်ထက်)တွင် ဤသို့သောစကား (ရှိခဲ့ဖူးသည်ဟူ၍လည်း) မကြားခဲ့ဖူးကြပါဟု ဆိုကြကုန်၏။
وَقَالَ مُوسَىٰ رَبِّي أَعْلَمُ بِمَنْ جَاءَ بِالْهُدَىٰ مِنْ عِنْدِهِ وَمَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
၎င်းပြင် မူစာက ပြောကြားခဲ့၏။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအထံတော်မှ မည်သူတရားလမ်းညွှန်ကို ဆောင်ကြဉ်းခဲ့သည်ကို လည်းကောင်း၊ဤလောကီဘဝ၏ နောက်ဆုံးအကျိုးသည် မည်သူ့အဖို့ရှိမည်ကို လည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန် မတရားကျူးလွန်သောသူတို့သည် အောင်မြင်မှုကိုရရှိကြမည် မဟုတ်ပေတကား။
وَقَالَ فِرْعَوْنُ يَا أَيُّهَا الْمَلَأُ مَا عَلِمْتُ لَكُمْ مِنْ إِلَٰهٍ غَيْرِي فَأَوْقِدْ لِي يَا هَامَانُ عَلَى الطِّينِ فَاجْعَلْ لِي صَرْحًا لَعَلِّي أَطَّلِعُ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ مِنَ الْكَاذِبِينَ
ထို့ပြင် ဖစ်ရ်အောင်န်က ပြောဆိုလေ၏။ အို-မှူးမတ်တို့၊ ကျွန်ုပ်သည် မိမိအပြင် အသင်တို့၌ အခြားကိုးကွယ်ရာရှိသည် ဟူ၍မသိပေ။ သို့ဖြစ်ပေရာ အို-’ဟာမာန်’၊ အသင်သည် ကျွန်ုပ်၏အဖို့ ရွှံ့မြေကို မီးဖြင့်ဖုတ်ပြီးလျှင် ကျွန်ုပ်၏အဖို့ မြင့်မားသော အဆောက်အအုံတစ်ခုကို ပြုလုပ်လော့။သို့မှသာလျှင် ကျွန်ုပ်သည် မူစာ၏ကိုးကွယ်ရာ အရှင်အား ကြည့်ရှုနိုင်ပေမည်။ သို့ရာတွင် ဧကန်မလွဲ ကျွန်ုပ်သည် ထိုမူစာအား မုသာဝါဒီဖြစ်သည်ဟူ၍ ထင်မှတ်ပေသည်။
وَاسْتَكْبَرَ هُوَ وَجُنُودُهُ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَظَنُّوا أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ
စင်စစ်သော်ကား ထိုဖစ်ရ်အောင်န်သည် လည်းကောင်း၊ ဖစ်ရ်အောင်န်၏ရဲမက်တို့သည် လည်းကောင်း၊ တိုင်းပြည်တွင် မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ကြသည် သာမက၊ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။

Choose other languages: