Quran Apps in many lanuages:

Surah Al-Qasas Ayahs #20 Translated in Burmese

قَالَ رَبِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَغَفَرَ لَهُ ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
ထိုမူစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်တွင်) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိကိုယ်ကို မိမိနှိပ်စက်မိပါပြီ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါဟု လျှောက်ထားပန်ကြားခဲ့ရာ ထိုအရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့ပေသည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင်လျှင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အလွန်တရာ ကြင်နာသနား ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
قَالَ رَبِّ بِمَا أَنْعَمْتَ عَلَيَّ فَلَنْ أَكُونَ ظَهِيرًا لِلْمُجْرِمِينَ
(ထိုအခါ) ထိုမူစာသည် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့သည်ဖြစ်ရကား၊ ကျွန်တော်မျိုးသည်လည်း (နောင်တွင်) အပြစ်ရှိသူတို့အား မည်သည့်အခါမျှ အကူအညီပေးသူဖြစ်တော့မည် မဟုတ်ပါဟူ၍ လျှောက်ထားခဲ့ပေသတည်း။
فَأَصْبَحَ فِي الْمَدِينَةِ خَائِفًا يَتَرَقَّبُ فَإِذَا الَّذِي اسْتَنْصَرَهُ بِالْأَمْسِ يَسْتَصْرِخُهُ ۚ قَالَ لَهُ مُوسَىٰ إِنَّكَ لَغَوِيٌّ مُبِينٌ
တစ်ဖန် (ထို)မူစာသည် မြို့ထဲတွင် ကြောက်ရွံ့စိုးရိမ်စွာ စောင့်မျှော်လျက် နံနက်မိုးလင်းခဲ့ရာ ရုတ်တရက် ယမန်နေ့က မိမိထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့တစ်ဖန် ထပ်မံ၍) မိမိအား ဟစ်ခေါ်နေပြန်၏။ ထိုမူစာက ၎င်းအား ဧကန်အမှန် အသင်သည် ထင်ရှားစွာသော လမ်းလွဲသူတစ်ဦးပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။
فَلَمَّا أَنْ أَرَادَ أَنْ يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَنْ تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِنْ تُرِيدُ إِلَّا أَنْ تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَنْ تَكُونَ مِنَ الْمُصْلِحِينَ
တစ်ဖန် ထိုမူစာသည် မိမိတို့နှစ်ဦးလုံး၏ ရန်သူဖြစ်သောသူ(ကစ်ဗ်တွီ)အား လက်ရောက်ပြုရန် ကြံရွယ်ခဲ့လေရာ ထို(မိမိအုပ်စုထဲမှဖြစ်သော)သူက အို-မူစာ၊ အသင်သည် ယမန်နေ့က လူတစ်ယောက်အားသတ်ဖြတ်ဘိသကဲ့သို့ (ယခုမူ)ကျွန်ုပ်အား သတ်ဖြတ်လိုသလော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်လိုသူ ဖြစ်ရန်သာလျှင်အလိုရှိပေသည်။ အသင်သည် စေ့စပ်၍ပေးသူမဟုတ်ဟု ပြောဆိုခဲ့ပေသတည်း။
وَجَاءَ رَجُلٌ مِنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ
၎င်းပြင် မြို့၏အစွန်မှ လူတစ်ယောက်သည် ပြေးလျက်လာပြီးလျှင်၊ အို-မူစာ၊ မှူးကြီးမတ်ရာတို့သည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြပေသည်။ သို့ပါ၍ အသင်သည် ထွက်သွားပါလေ။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုး လိုလားသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။

Choose other languages: