Quran Apps in many lanuages:

Surah Al-Mumtahana Ayahs #13 Translated in Burmese

وَإِنْ فَاتَكُمْ شَيْءٌ مِنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعَاقَبْتُمْ فَآتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُمْ مِثْلَ مَا أَنْفَقُوا ۚ وَاتَّقُوا اللَّهَ الَّذِي أَنْتُمْ بِهِ مُؤْمِنُونَ
သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင် (အသင်တို့သည် လက်ရပစ္စည်းရရှိခဲ့ကြလျှင်) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသောသူတို့အား ၎င်းတို့ အကုန်အကျခံခဲ့ကြသည့် (‘မဟ်ရ်’ထိမ်းမြားကြေး)နှင့် အညီအမျှ အသင်တို့ ပေးဆပ်ကြလေကုန်။ထိုမှတစ်ပါး အသင်တို့ သက်ဝင် ယုံကြည်ကြကုန်သော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
يَا أَيُّهَا النَّبِيُّ إِذَا جَاءَكَ الْمُؤْمِنَاتُ يُبَايِعْنَكَ عَلَىٰ أَنْ لَا يُشْرِكْنَ بِاللَّهِ شَيْئًا وَلَا يَسْرِقْنَ وَلَا يَزْنِينَ وَلَا يَقْتُلْنَ أَوْلَادَهُنَّ وَلَا يَأْتِينَ بِبُهْتَانٍ يَفْتَرِينَهُ بَيْنَ أَيْدِيهِنَّ وَأَرْجُلِهِنَّ وَلَا يَعْصِينَكَ فِي مَعْرُوفٍ ۙ فَبَايِعْهُنَّ وَاسْتَغْفِرْ لَهُنَّ اللَّهَ ۖ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
အို-နဗီတမန်တော်၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြသော မိန်းမများသည် အသင့်ထံလာ၍ မိမိတို့မှာ မည်သည့် တစ်စုံတစ်ရာကိုမျှပင် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ဆည်းကပ်ကိုးကွယ်) ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ခိုးဝှက်မှုကိုလည်း ကျူးလွန်ကြမည် မဟုတ်ပါ ဟူ၍လည်းကောင်း၊ သူတစ်ပါး၏ ဇနီးမယားအား ပြစ်မှားသော အမှုကိုလည်းကျူးလွန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း။ မိမိတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ မိမိတို့၏လက်များနှင့် ခြေများ၏အကြား၌ မုသား တစ်စုံတစ်ရာကိုလည်း လီဆယ်ဖန်တီးကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အသင်၏အမိန့်ကိုလည်း ဖီဆန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ "ဗိုင်အတ်" ပြုကြသောအခါ အသင်သည် ၎င်းတို့အား ဗိုင်အတ် ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပန်ကြားပါလေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ قَدْ يَئِسُوا مِنَ الْآخِرَةِ كَمَا يَئِسَ الْكُفَّارُ مِنْ أَصْحَابِ الْقُبُورِ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော် ကျရောက်ခဲ့သောလူမျိုးကို အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ ဧကန်စင်စစ် ၎င်းတို့မှာ သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သော သူတို့နည်းတူ "အာခိရတ်" တမလွန်ဘဝ၏ (အကျိုးကျေးဇူး)များကို မျှော်လင့်ချက်ကင်းလျက် ရှိကြကုန်သတည်း။ တစ်နည်း ဧကန်စင်စစ် ၎င်းတို့မှာမူကား သင်္ချိုင်းများအတွင်းဝယ် ရှိသူတို့ထံမှ (အကျိုးကျေးဇူး)များကို မျှော်လင့်ချက် ကင်းကြသကဲ့သို့ပင် "အာခိရတ်" တမလွန်ဘဝ(၏ အကျိုးကျေးဇူး)များကိုလည်း မျှော်လင့်ချက် ကင်းလျက် ရှိကြကုန်သတည်း။

Choose other languages: