Quran Apps in many lanuages:

Surah Al-Mulk Ayahs #19 Translated in Burmese

هُوَ الَّذِي جَعَلَ لَكُمُ الْأَرْضَ ذَلُولًا فَامْشُوا فِي مَنَاكِبِهَا وَكُلُوا مِنْ رِزْقِهِ ۖ وَإِلَيْهِ النُّشُورُ
ထိုအရှင်မြတ်သည်ပင် အသင်တို့အကျိုးငှာ ပထဝီမြေကို တစ်ဆင့်အသုံးခံ၊ လက်အောက်ခံ ပြုလုပ်ထားတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းပထဝီမြေ၏ သွားလာရာလမ်းများ၌ လှုပ်ရှားသွားလာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် ချီးမြှင့် ပေးသနားတော်မူသောရိက္ခာမှ စားသုံးကြလေကုန်။ စင်စစ်သော်ကား ရှင်ပြန်ထ၍ ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်လည် ရောက်ရှိကြရအံ့သတည်း။
أَأَمِنْتُمْ مَنْ فِي السَّمَاءِ أَنْ يَخْسِفَ بِكُمُ الْأَرْضَ فَإِذَا هِيَ تَمُورُ
အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အား မြေမျိုစေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ကြောင့်ကြမှု ကင်းကြလေပြီလော၊ သို့(မြေမျိုစေတော်မူသော)အခါ ယင်းပထဝီမြေမှာ ပြင်းထန်စွာ တုန်လှုပ်လျက်ရှိပေမည်။
أَمْ أَمِنْتُمْ مَنْ فِي السَّمَاءِ أَنْ يُرْسِلَ عَلَيْكُمْ حَاصِبًا ۖ فَسَتَعْلَمُونَ كَيْفَ نَذِيرِ
သို့တည်းမဟုတ် အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကျောက်စရစ်မိုး ရွာသွန်း စေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ခြင်း ကင်းကြလေပြီလော။ သို့ဖြစ်လျှင် မကြာမြင့်မီပင် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့သည်ကို သိရှိ ကြပေမည်။
وَلَقَدْ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ
စင်စစ်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြသော သူတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်မှာ မည်သို့ရှိပေသနည်း။
أَوَلَمْ يَرَوْا إِلَى الطَّيْرِ فَوْقَهُمْ صَافَّاتٍ وَيَقْبِضْنَ ۚ مَا يُمْسِكُهُنَّ إِلَّا الرَّحْمَٰنُ ۚ إِنَّهُ بِكُلِّ شَيْءٍ بَصِيرٌ
၎င်းတို့သည် မိမိတို့ထက်ဝယ် ငှက်တိရစ္ဆာန်တို့အား အတောင်ပံများကို ကားလျက်ရှိသည်ကို လည်းကောင်း၊(ယင်းအတောင်ပံများကို)ရုပ်သိမ်း လျက်ရှိကြသည်ကို လည်းကောင်း၊ ရှုမြင်ခဲ့ကြသည် မဟုတ်လော။ ယင်း ငှက်တိရစ္ဆာန်တို့ကို "ရဟ်မာန်" ကရုဏာတော်ရှင်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် ထိန်းသိမ်း၍ ထားရှိသည်မဟုတ်ပြီ။ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: