Quran Apps in many lanuages:

Surah Al-Mulk Ayahs #21 Translated in Burmese

أَمْ أَمِنْتُمْ مَنْ فِي السَّمَاءِ أَنْ يُرْسِلَ عَلَيْكُمْ حَاصِبًا ۖ فَسَتَعْلَمُونَ كَيْفَ نَذِيرِ
သို့တည်းမဟုတ် အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကျောက်စရစ်မိုး ရွာသွန်း စေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ခြင်း ကင်းကြလေပြီလော။ သို့ဖြစ်လျှင် မကြာမြင့်မီပင် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့သည်ကို သိရှိ ကြပေမည်။
وَلَقَدْ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ
စင်စစ်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြသော သူတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်မှာ မည်သို့ရှိပေသနည်း။
أَوَلَمْ يَرَوْا إِلَى الطَّيْرِ فَوْقَهُمْ صَافَّاتٍ وَيَقْبِضْنَ ۚ مَا يُمْسِكُهُنَّ إِلَّا الرَّحْمَٰنُ ۚ إِنَّهُ بِكُلِّ شَيْءٍ بَصِيرٌ
၎င်းတို့သည် မိမိတို့ထက်ဝယ် ငှက်တိရစ္ဆာန်တို့အား အတောင်ပံများကို ကားလျက်ရှိသည်ကို လည်းကောင်း၊(ယင်းအတောင်ပံများကို)ရုပ်သိမ်း လျက်ရှိကြသည်ကို လည်းကောင်း၊ ရှုမြင်ခဲ့ကြသည် မဟုတ်လော။ ယင်း ငှက်တိရစ္ဆာန်တို့ကို "ရဟ်မာန်" ကရုဏာတော်ရှင်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် ထိန်းသိမ်း၍ ထားရှိသည်မဟုတ်ပြီ။ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
أَمَّنْ هَٰذَا الَّذِي هُوَ جُنْدٌ لَكُمْ يَنْصُرُكُمْ مِنْ دُونِ الرَّحْمَٰنِ ۚ إِنِ الْكَافِرُونَ إِلَّا فِي غُرُورٍ
စင်စစ် "ရဟ်မာန်" ကရုဏာတော်ရှင် မှတစ်ပါး အသင်တို့၏ စစ်သည်ဗိုလ်ပါအဖြစ် အသင်တို့အား ကူညီအံ့သောသူသည် မည်သူနည်း။ စင်စစ်မှာကား(ကာဖိရ်)သွေဖည် ငြင်းပယ်သောသူတို့သည် ဖြားယောင်းမှု၌ပင် ရှိနေကြကုန်၏။
أَمَّنْ هَٰذَا الَّذِي يَرْزُقُكُمْ إِنْ أَمْسَكَ رِزْقَهُ ۚ بَلْ لَجُّوا فِي عُتُوٍّ وَنُفُورٍ
စင်စစ် အကယ်၍ ထိုအရှင်မြတ်သည် မိမိ (ထံမှ)ရိက္ခာကို ပိတ်ပင်တော်မူခဲ့ပါလျှင် အသင်တို့အား ရိက္ခာပေးအံ့သောသူသည် မည်သူနည်း။ စင်စစ်မှာကား ထိုသူတို့သည် ဆိုးသွမ်းမှု၌လည်းကောင်း၊ စက်ဆုပ်ရွံရှာမှု၌လည်းကောင်း၊ စွဲမြဲစွာ ရှိနေကြကုန်၏။

Choose other languages: