Quran Apps in many lanuages:

Surah Al-Mujadala Ayahs #20 Translated in Burmese

اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ فَلَهُمْ عَذَابٌ مُهِينٌ
၎င်းတို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို အကွယ်အကာ ပြုလုပ်ခဲ့ကြပြီးလျှင် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့၌ ဂုဏ်သရေပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိချေမည်။
لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူတို့၏ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ ထိုသူတို့၏ သားသမီးတို့သည် လည်းကောင်း၊ ထိုသူတို့အား လုံးဝအကျိုးပေးမည် မဟုတ်ပေ။ ထိုသူတို့ကား ငရဲသားများ ပင်ဖြစ်ကြကုန်၏။ ၎င်းတို့မှာ ယင်းငရဲ၌ ထာဝစဉ် နေထိုင်ကြရမည့်သူများပင် ဖြစ်ကြကုန်၏။
يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ ۖ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَيْءٍ ۚ أَلَا إِنَّهُمْ هُمُ الْكَاذِبُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့ကို ရှင်ပြန်ထစေတော်မူအံ့သောနေ့တွင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ရှေ့မှောက်၌လည်း အသင်တို့ရှေ့ဝယ် ကျိန်ဆိုဘိသကဲ့သို့ပင် ကျိန်ဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာ (ကောင်းသော)အခြေအနေ၌ ရှိနေကြသည်ဟု ထင်မှတ်ကြပေမည်။ ကောင်းစွာ မှတ်ယူကြလေကုန်။ဧကန်မလွဲ ၎င်းတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنْسَاهُمْ ذِكْرَ اللَّهِ ۚ أُولَٰئِكَ حِزْبُ الشَّيْطَانِ ۚ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ
‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား နိုင်နင်း ကြီးစိုးလျက် ရှိပေရာ ၎င်းတို့အား ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် အလ္လာဟ်အရှင်မြတ်အား သတိရခြင်းကို မေ့ပျောက်စေခဲ့၏။ ထိုသူတို့ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုကား ဆုံးရှုံးအံ့သောသူများပင် ဖြစ်ကြကုန်သတည်း။
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَٰئِكَ فِي الْأَذَلِّينَ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။

Choose other languages: