Quran Apps in many lanuages:

Surah Al-Maeda Ayahs #80 Translated in Burmese

قُلْ أَتَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّا وَلَا نَفْعًا ۚ وَاللَّهُ هُوَ السَّمِيعُ الْعَلِيمُ
(အို- နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ “(ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်ကြသောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။”
قُلْ يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ غَيْرَ الْحَقِّ وَلَا تَتَّبِعُوا أَهْوَاءَ قَوْمٍ قَدْ ضَلُّوا مِنْ قَبْلُ وَأَضَلُّوا كَثِيرًا وَضَلُّوا عَنْ سَوَاءِ السَّبِيلِ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏‘ဒီန်’ဘာသာသာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်သူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူတို့သည် အထက်ကျော်ကာလက (မိမိတို့ကိုယ်တိုင်) လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော (တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။ (ရကူ)
لُعِنَ الَّذِينَ كَفَرُوا مِنْ بَنِي إِسْرَائِيلَ عَلَىٰ لِسَانِ دَاوُودَ وَعِيسَى ابْنِ مَرْيَمَ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
အစ္စရာအီလီမျိုးနွယ်တို့အနက်မှ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူ (နဗီတမန်တော်) ဒါဝူဒ်နှင့်မရ်ယမ် (သခင်မ) ၏သားတော် (နဗီတမန်တော်) အီစာ၏နှုတ်မှတစ်ဆင့် ကျိန်ဆဲခြင်းခံခဲ့ကြရ၏။ ယင်းကဲ့သို့ ဘေးသင့်ခဲ့ကြရခြင်းမှာ ၎င်းတို့သည် သွေဖည်ခဲ့ကြသည့်ပြင် အမြဲတစေ စည်းကမ်းဖောက်ဖျက် ကျူးလွန်လေ့ရှိခြင်းကြောင့်ပင်တည်း။
كَانُوا لَا يَتَنَاهَوْنَ عَنْ مُنْكَرٍ فَعَلُوهُ ۚ لَبِئْسَ مَا كَانُوا يَفْعَلُونَ
ထိုသူတို့သည် မိမိတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုဒုစရိုက်မှ အချင်းချင်းတစ်ဦးကိုတစ်ဦး ပိတ်ပင်မြစ်တားလေ့မရှိခဲ့ကြပေ။ စင်စစ်ဧကန် ၎င်းတို့ ပြုကျင့်လေ့ရှိခဲ့ကြကုန်သော အပြုအမူတို့သည် ဆိုးယုတ် သိမ်ဖျင်းလှပေစွတကား။
تَرَىٰ كَثِيرًا مِنْهُمْ يَتَوَلَّوْنَ الَّذِينَ كَفَرُوا ۚ لَبِئْسَ مَا قَدَّمَتْ لَهُمْ أَنْفُسُهُمْ أَنْ سَخِطَ اللَّهُ عَلَيْهِمْ وَفِي الْعَذَابِ هُمْ خَالِدُونَ
(အို- နဗီတမန်တော်) ၎င်းတို့အနက် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အဆွေခင်ပွန်းများပြုလုပ်ကြသူ အမြောက်အမြားကို သင်သည် တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဖို့ တင်ကြို၍ပို့ထားနှင့်ကြကုန်သော အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော် ထားတော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထို�်ကြရမည်။

Choose other languages: