Quran Apps in many lanuages:

Surah Al-Maeda Ayahs #81 Translated in Burmese

قُلْ يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ غَيْرَ الْحَقِّ وَلَا تَتَّبِعُوا أَهْوَاءَ قَوْمٍ قَدْ ضَلُّوا مِنْ قَبْلُ وَأَضَلُّوا كَثِيرًا وَضَلُّوا عَنْ سَوَاءِ السَّبِيلِ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏‘ဒီန်’ဘာသာသာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်သူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူတို့သည် အထက်ကျော်ကာလက (မိမိတို့ကိုယ်တိုင်) လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော (တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။ (ရကူ)
لُعِنَ الَّذِينَ كَفَرُوا مِنْ بَنِي إِسْرَائِيلَ عَلَىٰ لِسَانِ دَاوُودَ وَعِيسَى ابْنِ مَرْيَمَ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
အစ္စရာအီလီမျိုးနွယ်တို့အနက်မှ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူ (နဗီတမန်တော်) ဒါဝူဒ်နှင့်မရ်ယမ် (သခင်မ) ၏သားတော် (နဗီတမန်တော်) အီစာ၏နှုတ်မှတစ်ဆင့် ကျိန်ဆဲခြင်းခံခဲ့ကြရ၏။ ယင်းကဲ့သို့ ဘေးသင့်ခဲ့ကြရခြင်းမှာ ၎င်းတို့သည် သွေဖည်ခဲ့ကြသည့်ပြင် အမြဲတစေ စည်းကမ်းဖောက်ဖျက် ကျူးလွန်လေ့ရှိခြင်းကြောင့်ပင်တည်း။
كَانُوا لَا يَتَنَاهَوْنَ عَنْ مُنْكَرٍ فَعَلُوهُ ۚ لَبِئْسَ مَا كَانُوا يَفْعَلُونَ
ထိုသူတို့သည် မိမိတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုဒုစရိုက်မှ အချင်းချင်းတစ်ဦးကိုတစ်ဦး ပိတ်ပင်မြစ်တားလေ့မရှိခဲ့ကြပေ။ စင်စစ်ဧကန် ၎င်းတို့ ပြုကျင့်လေ့ရှိခဲ့ကြကုန်သော အပြုအမူတို့သည် ဆိုးယုတ် သိမ်ဖျင်းလှပေစွတကား။
تَرَىٰ كَثِيرًا مِنْهُمْ يَتَوَلَّوْنَ الَّذِينَ كَفَرُوا ۚ لَبِئْسَ مَا قَدَّمَتْ لَهُمْ أَنْفُسُهُمْ أَنْ سَخِطَ اللَّهُ عَلَيْهِمْ وَفِي الْعَذَابِ هُمْ خَالِدُونَ
(အို- နဗီတမန်တော်) ၎င်းတို့အနက် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အဆွေခင်ပွန်းများပြုလုပ်ကြသူ အမြောက်အမြားကို သင်သည် တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဖို့ တင်ကြို၍ပို့ထားနှင့်ကြကုန်သော အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော် ထားတော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထို�်ကြရမည်။
وَلَوْ كَانُوا يُؤْمِنُونَ بِاللَّهِ وَالنَّبِيِّ وَمَا أُنْزِلَ إِلَيْهِ مَا اتَّخَذُوهُمْ أَوْلِيَاءَ وَلَٰكِنَّ كَثِيرًا مِنْهُمْ فَاسِقُونَ
အကယ်၍ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နဗီတမန်တော်မြတ်ကိုလည်းကောင်း၊ ထိုနဗီတမန်တော်မြတ်ထံသို့ ကျရောက်လာသည့် (ကျမ်းတော်မြတ်ကုရ်အာန်) ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြပါလျှင် ထို (ကာဖိရ် သွေဖည်ငြင်းပယ်သော) သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့အနက် များစွာသောသူတို့မှာကား (အမိန့်တော်ကို ဖီဆန်သောသူများပင် ဖြစ်ကြကုန်သတည်း။) (အီမာန်၏အပြင်ဘက်သို့ ရောက်ရှိနေသူများပင်ဖြစ်ကြ၏။)

Choose other languages: