Surah Al-Maeda Ayahs #116 Translated in Burmese
إِذْ قَالَ الْحَوَارِيُّونَ يَا عِيسَى ابْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَنْ يُنَزِّلَ عَلَيْنَا مَائِدَةً مِنَ السَّمَاءِ ۖ قَالَ اتَّقُوا اللَّهَ إِنْ كُنْتُمْ مُؤْمِنِينَ
(အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။
قَالُوا نُرِيدُ أَنْ نَأْكُلَ مِنْهَا وَتَطْمَئِنَّ قُلُوبُنَا وَنَعْلَمَ أَنْ قَدْ صَدَقْتَنَا وَنَكُونَ عَلَيْهَا مِنَ الشَّاهِدِينَ
ထို (ဟဝါရီ) များက “ကျွန်တော်မျိုးတို့သည် ထို (စားပွဲတွင်ပါရှိလေသော) စားဖွယ်ကို (‘ဗရ်ကသ်’ မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊ အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား (မိမိ နဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန်စွာပြောဆိုခဲ့သည်ကို (ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ) နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာလည်းကောင်း ရည်စူးကြပါသည်” ဟု ပြန်ကြားကြကုန်၏။
قَالَ عِيسَى ابْنُ مَرْيَمَ اللَّهُمَّ رَبَّنَا أَنْزِلْ عَلَيْنَا مَائِدَةً مِنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِأَوَّلِنَا وَآخِرِنَا وَآيَةً مِنْكَ ۖ وَارْزُقْنَا وَأَنْتَ خَيْرُ الرَّازِقِينَ
မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။
قَالَ اللَّهُ إِنِّي مُنَزِّلُهَا عَلَيْكُمْ ۖ فَمَنْ يَكْفُرْ بَعْدُ مِنْكُمْ فَإِنِّي أُعَذِّبُهُ عَذَابًا لَا أُعَذِّبُهُ أَحَدًا مِنَ الْعَالَمِينَ
အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ်သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန် ချပေးသနားတော်မူအံ့။ သို့ရာတွင် ထို (သို့ချပေးသနားတော်မူပြီး) နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲ ပေးတော်မူအံ့” ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (ရကူ)
وَإِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ أَأَنْتَ قُلْتَ لِلنَّاسِ اتَّخِذُونِي وَأُمِّيَ إِلَٰهَيْنِ مِنْ دُونِ اللَّهِ ۖ قَالَ سُبْحَانَكَ مَا يَكُونُ لِي أَنْ أَقُولَ مَا لَيْسَ لِي بِحَقٍّ ۚ إِنْ كُنْتُ قُلْتُهُ فَقَدْ عَلِمْتَهُ ۚ تَعْلَمُ مَا فِي نَفْسِي وَلَا أَعْلَمُ مَا فِي نَفْسِكَ ۚ إِنَّكَ أَنْتَ عَلَّامُ الْغُيُوبِ
(ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။”
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
