Quran Apps in many lanuages:

Surah Al-Kahf Ayahs #33 Translated in Burmese

وَقُلِ الْحَقُّ مِنْ رَبِّكُمْ ۖ فَمَنْ شَاءَ فَلْيُؤْمِنْ وَمَنْ شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِنْ يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ဧကန်စင်စစ် ငါအရှင်မြတ်သည် အကျင့်သီလကောင်းမြတ်သောသူ၏ကုသိုလ်အကျိုးကို ဆုံးရှုံးစေတော်မူသည် မဟုတ်ပေ။
أُولَٰئِكَ لَهُمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِنْ سُنْدُسٍ وَإِسْتَبْرَقٍ مُتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۚ نِعْمَ الثَّوَابُ وَحَسُنَتْ مُرْتَفَقًا
ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ရွှေလက်ကောက်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှာေသော ပိုးထည်များနှင့်ထူသောပိုးထည်များမှ အစိမ်းရောင်အဝတ်(အစား)များကို ဝတ်ဆင်ကြပေမည်။ (ထိုသူတို့သည်)ယင်းဥယျာဉ်များတွင် သလွန်များပေါ်၌မှီလျက်ရှိကြပေမည်။ ထို(ကုသိုလ်)အကျိုးသည် အဘယ်မျှလောက် ကောင်းမြတ်သောကုသိုလ်အကျိုးဖြစ်၍ ထို(ဥယျာဉ်)သည်လည်း အဘယ်မျှ လောက်ကောင်း မြတ်လှစွာသော နားရာနေရာပင် ဖြစ်ချေသနည်း။
وَاضْرِبْ لَهُمْ مَثَلًا رَجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَابٍ وَحَفَفْنَاهُمَا بِنَخْلٍ وَجَعَلْنَا بَيْنَهُمَا زَرْعًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား လူနှစ်ယောက်၏ဥပမာကို ခိုင်းနှိုင်း၍ပြပါလေ။ ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးအားစပျစ်ခြံနှစ်ခြံကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်ယင်းခြံနှစ်ခြံကို စွန်ပလွံပင်များဖြင့်ခြံရံ၍ ပေးတော်မူခဲ့သည်။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြား တွင် လယ်တစ်ခုကိုလည်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
كِلْتَا الْجَنَّتَيْنِ آتَتْ أُكُلَهَا وَلَمْ تَظْلِمْ مِنْهُ شَيْئًا ۚ وَفَجَّرْنَا خِلَالَهُمَا نَهَرًا
ထိုခြံနှစ်ခြံမှာ အသီးအနှံများကို အနည်းငယ်မျှပင် လျော့နည်းစေခြင်းမရှိပဲ(ရာသီမလပ်)သီးပွင့်၍ ပေးလျက်ပင်ရှိခဲ့ကြ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြားဝယ် ချောင်းတစ်ခုကိုလည်း စီးထွက်စေတော်မူခဲ့ပေသည်။

Choose other languages: