Quran Apps in many lanuages:

Surah Al-Kahf Ayahs #36 Translated in Burmese

وَاضْرِبْ لَهُمْ مَثَلًا رَجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَابٍ وَحَفَفْنَاهُمَا بِنَخْلٍ وَجَعَلْنَا بَيْنَهُمَا زَرْعًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား လူနှစ်ယောက်၏ဥပမာကို ခိုင်းနှိုင်း၍ပြပါလေ။ ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးအားစပျစ်ခြံနှစ်ခြံကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်ယင်းခြံနှစ်ခြံကို စွန်ပလွံပင်များဖြင့်ခြံရံ၍ ပေးတော်မူခဲ့သည်။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြား တွင် လယ်တစ်ခုကိုလည်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
كِلْتَا الْجَنَّتَيْنِ آتَتْ أُكُلَهَا وَلَمْ تَظْلِمْ مِنْهُ شَيْئًا ۚ وَفَجَّرْنَا خِلَالَهُمَا نَهَرًا
ထိုခြံနှစ်ခြံမှာ အသီးအနှံများကို အနည်းငယ်မျှပင် လျော့နည်းစေခြင်းမရှိပဲ(ရာသီမလပ်)သီးပွင့်၍ ပေးလျက်ပင်ရှိခဲ့ကြ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြားဝယ် ချောင်းတစ်ခုကိုလည်း စီးထွက်စေတော်မူခဲ့ပေသည်။
وَكَانَ لَهُ ثَمَرٌ فَقَالَ لِصَاحِبِهِ وَهُوَ يُحَاوِرُهُ أَنَا أَكْثَرُ مِنْكَ مَالًا وَأَعَزُّ نَفَرًا
ထိုမှတစ်ပါး ထိုသူ၌ (ယင်းလယ်ယာဥယျာဉ်များအပြင် အခြားသော)ဥစ္စာပစ္စည်းများလည် ရှိခဲ့ပေရာ၊ 4င်းကမိမိအဖော်အား ထိုအဖော်နှင့် ဤသို့ပြောဆိုလေသည်။ကျွန်ုပ်သည် အသင့်ထက် ဥစ္စာပစ္စည်းအားဖြင့်လည်း (ချမ်းသာကြွယ်ဝ)ပိုမိုများပြားသူ ဖြစ်သည့်ပြင် ခြွေရံသင်းပင်းအားဖြင့်လည်း (အသင့် ထက်)ပိုမို များပြားသူဖြစ်ပေသည်။
وَدَخَلَ جَنَّتَهُ وَهُوَ ظَالِمٌ لِنَفْسِهِ قَالَ مَا أَظُنُّ أَنْ تَبِيدَ هَٰذِهِ أَبَدًا
၎င်းနောက် ထိုသူသည် မိမိဥယျာဉ်သို့ မိမိကိုယ်ကို မိမိနှိပ်စက်သူအဖြစ် ဝင်ရောက်လျက်(ဤသို့)ပြောဆိုခဲ့လေသည်။ ကျွန်ုပ်မူကား ဤဥယျာဉ်သည်မည်သည့်အခါ၌မျှ ပျက်စီးလိမ့်မည်မထင်ဟုပြောဆိုခဲ့လေ၏။
وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُدِدْتُ إِلَىٰ رَبِّي لَأَجِدَنَّ خَيْرًا مِنْهَا مُنْقَلَبًا
ထိုနည်းတူစွာ ကျွန်ုပ်သည် ကိယာမတ်ဖြစ်လိမ့်မည်ဟူ၍လည်းမထင်။ သို့ရာတွင် အကယ်၍ ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပြန်ပို့ခြင်းကို ခံခဲ့ရသည့်တိုင်လည်း၊ ဧကန်မလွဲ ကျွန်ုပ်သည်ယင်းဥယျာဉ်ထက် ပိုမို၍ကောင်းမြတ်သောနေရာကိုပင် ရရှိအံ့သတည်းဟူ၍လည်း ပြောဆိုပြန်၏။

Choose other languages: