Quran Apps in many lanuages:

Surah Al-Kahf Ayahs #29 Translated in Burmese

وَلَبِثُوا فِي كَهْفِهِمْ ثَلَاثَ مِائَةٍ سِنِينَ وَازْدَادُوا تِسْعًا
စင်စစ် (ယင်းလုလင်) တို့သည် မိမိတို့၏ဥမင်လိုဏ်ခေါင်းတွင် တိုနှစ်ပေါင်းသုံးရာနှင့်ကိုးနှစ် တိုင်တိုင် နေခဲ့ကြကုန်၏။
قُلِ اللَّهُ أَعْلَمُ بِمَا لَبِثُوا ۖ لَهُ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۖ أَبْصِرْ بِهِ وَأَسْمِعْ ۚ مَا لَهُمْ مِنْ دُونِهِ مِنْ وَلِيٍّ وَلَا يُشْرِكُ فِي حُكْمِهِ أَحَدًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားအချင်းတို့) ယင်း(လုလင်)တို့နေခဲ့ကြသောအချိန်ကာလ နှစ်ပရိစ္ဆေဒကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံးဖြစ်တော်မူကြောင်း။ (စင်စစ်)မိုးကောင်းကင်များရှိ ဖုံးကွယ်လျက်ရှိကုန်သောအရာများကိုလည်းကောင်း၊ ပထဝီမြေရှိ ဖုံးကွယ်လျှက်ရှိကုန်သောအရာများကိုလည်းကောင်း၊ သိစွမ်းနိုင်မှုသည် အလ္လာဟ်အရှင်မြတ်၌သာရှိနေပေရာ၊ ထိုအရှင်မြတ်သည် အဘယ်မျှ မြင်တော်မူသောအရှင်၊ အဘယ်မျှ ကြားတော်မူသောအရှင်ဖြစ်တော်မူကြောင်း၊ ထိုသူတို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုပြီးစီးအောင်ပြုလုပ်၍ ပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိကြောင်း၊ စင်စစ် ထိုအရှင်မြတ်သည် မိမိအမိန့်ပြဋ္ဌာန်းမှုတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဖက်စပ်ပါဝင်စေတော်မူသည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။
وَاتْلُ مَا أُوحِيَ إِلَيْكَ مِنْ كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَاتِهِ وَلَنْ تَجِدَ مِنْ دُونِهِ مُلْتَحَدًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျမ်းဂန်မှမိမိထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ထိုအရှင်မြတ်၏ အာယတ်တော်များကို ပြောင်းလဲမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ စင်စစ် အသင်သည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး ခိုကိုးရာဟူ၍ အလျှင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။
وَاصْبِرْ نَفْسَكَ مَعَ الَّذِينَ يَدْعُونَ رَبَّهُمْ بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ الْحَيَاةِ الدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُ عَنْ ذِكْرِنَا وَاتَّبَعَ هَوَاهُ وَكَانَ أَمْرُهُ فُرُطًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိကိုယ်ကို အကြင်သူတို့နှင့်အတူ ချုပ်တည်း၍ထားပါလေ။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကိုထိုအရှင်မြတ်၏ အလိုတော်ကိုသာရည်စူး၍ နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ဟစ်ခေါ်(တသ သတိရ)ကြကုန်၏။ထိုမှတစ်ပါး အသင်သည် ဤလောကီဘဝ၏ တင့်တယ် မှုကိုရည်စူးလျက် မိမိ၏မျက်စိနှစ်လုံးကို ၎င်းတို့ ဘက်မှ(ပြန်)မလှည့်ပါလေနှင့်(လျစ်လျူမပြုပါနှင့်။) ငါအရှင်မြတ်သည်ထိုသူ၏စိတ်နှလုံးကို ငါအရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မေ့လျော့စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူသည် မိမိအလိုဆန္ဒကိုသာလိုက်နာလျက် ရှိနေလေ၏။ စင်စစ်သော်ကား၎င်း၏အရေးကိစ္စမှာ အလွန်အကျွံပင် ဖြစ်နေချေသတည်း။
وَقُلِ الْحَقُّ مِنْ رَبِّكُمْ ۖ فَمَنْ شَاءَ فَلْيُؤْمِنْ وَمَنْ شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِنْ يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။

Choose other languages: