Quran Apps in many lanuages:

Surah Al-Isra Ayahs #95 Translated in Burmese

أَوْ تَكُونَ لَكَ جَنَّةٌ مِنْ نَخِيلٍ وَعِنَبٍ فَتُفَجِّرَ الْأَنْهَارَ خِلَالَهَا تَفْجِيرًا
သို့တည်းမဟုတ် အသင်၌ စွန်ပလွံပင်များနှင့်စပျစ်ပင်များ (ပြည့်စုံစွာရှိကုန်သော)ခြံတစ်ခုရှိရမည်။ ပြီးနောက် အသင်သည် ထိုခြံ၏အလယ်ဗဟို၌ စမ်းရေချောင်းများသွင်သွင် စီးထွက်လာအောင် ပြုလုပ်ရမည်။
أَوْ تُسْقِطَ السَّمَاءَ كَمَا زَعَمْتَ عَلَيْنَا كِسَفًا أَوْ تَأْتِيَ بِاللَّهِ وَالْمَلَائِكَةِ قَبِيلًا
သို့တည်းမဟုတ် အသင်သည် မိမိထင်မြင် ယူဆခဲ့သည့်အတိုင်း ကျွန်ုပ်တို့အပေါ်၌ မိုးကိုအပိုင်းပိုင်း အစစဖြစ်၍ပြိုကျလာအောင်ပြုလုပ်ရမည်။ သို့တည်းမဟုတ် အသင်သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ကောင်းကင်တမန်များအားလည်းကောင်း၊ ကျွန်ုပ်တို့၏ရှေ့မှောက်သို့ (သက်သေများအဖြစ်) ခေါ်ယူ၍လာရမည်။
أَوْ يَكُونَ لَكَ بَيْتٌ مِنْ زُخْرُفٍ أَوْ تَرْقَىٰ فِي السَّمَاءِ وَلَنْ نُؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَابًا نَقْرَؤُهُ ۗ قُلْ سُبْحَانَ رَبِّي هَلْ كُنْتُ إِلَّا بَشَرًا رَسُولًا
သို့တည်းမဟုတ် အသင်၌ ရွှေဖြင့်ပြီးသော ဗိမာန်တစ်ခုရှိရမည်။ သို့တည်းမဟုတ် အသင်သည် မိုးကောင်းကင်သို့တက်သွားရမည်။ သို့တစေလည်း ကျွန်ုပ်တို့မူကား အသင်သည်(ထိုမိုးကောင်းကင်မှ)ကျွန်ုပ်တို့ ရွတ်ဖတ်နိုင်သော ကျမ်းတစ်စောင်ကို ကျွန်ုပ်တို့အဖို့ ယူချလာခြင်း မပြုသမျှကာလပတ်လုံး(မိုးကောင်းကင်သို့) အသင်တက်သွားခြင်းကို အလျှင်း ယုံကြည်လက်ခံကြမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား (ဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏၊ ငါသည် လူသားရစူလ်တမန်တော် တစ်ပါးမှအပ အခြားမဟုတ်ပြီ။
وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ إِلَّا أَنْ قَالُوا أَبَعَثَ اللَّهُ بَشَرًا رَسُولًا
စင်စစ် လူတို့ထံ(ဖြောင့်မတ်မှန်ကန်သော)တရားဓမ္မရောက်ရှိလာသောအခါ ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည်ရစူလ်တမန်တော်အဖြစ် လူသားတစ်ဦးကို စေလွှတ်တော်မူပါသလောဟု ပြောဆိုခဲ့ ကြသည်မှအပ အခြားတစ်စုံတစ်ရာမျှ၎င်းတို့အား အီမာန် သက်ဝင်ယုံကြည်ခြင်းမှ ပိတ်ပင်တားဆီးခဲ့သည်မဟုတ်ပေ။
قُلْ لَوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِمْ مِنَ السَّمَاءِ مَلَكًا رَسُولًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင် ဧကန်မလွှဲ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကောင်းကင်မှ ကောင်းကင်တမန်တော်တစ်ပါးကိုပင်ရစူလ်တမန်တော်အဖြစ်ချပေး(စေလွှတ်)တော် မူခဲ့အံ့သတည်း။

Choose other languages: