Quran Apps in many lanuages:

Surah Al-Isra Ayahs #97 Translated in Burmese

أَوْ يَكُونَ لَكَ بَيْتٌ مِنْ زُخْرُفٍ أَوْ تَرْقَىٰ فِي السَّمَاءِ وَلَنْ نُؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَابًا نَقْرَؤُهُ ۗ قُلْ سُبْحَانَ رَبِّي هَلْ كُنْتُ إِلَّا بَشَرًا رَسُولًا
သို့တည်းမဟုတ် အသင်၌ ရွှေဖြင့်ပြီးသော ဗိမာန်တစ်ခုရှိရမည်။ သို့တည်းမဟုတ် အသင်သည် မိုးကောင်းကင်သို့တက်သွားရမည်။ သို့တစေလည်း ကျွန်ုပ်တို့မူကား အသင်သည်(ထိုမိုးကောင်းကင်မှ)ကျွန်ုပ်တို့ ရွတ်ဖတ်နိုင်သော ကျမ်းတစ်စောင်ကို ကျွန်ုပ်တို့အဖို့ ယူချလာခြင်း မပြုသမျှကာလပတ်လုံး(မိုးကောင်းကင်သို့) အသင်တက်သွားခြင်းကို အလျှင်း ယုံကြည်လက်ခံကြမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား (ဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏၊ ငါသည် လူသားရစူလ်တမန်တော် တစ်ပါးမှအပ အခြားမဟုတ်ပြီ။
وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ إِلَّا أَنْ قَالُوا أَبَعَثَ اللَّهُ بَشَرًا رَسُولًا
စင်စစ် လူတို့ထံ(ဖြောင့်မတ်မှန်ကန်သော)တရားဓမ္မရောက်ရှိလာသောအခါ ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည်ရစူလ်တမန်တော်အဖြစ် လူသားတစ်ဦးကို စေလွှတ်တော်မူပါသလောဟု ပြောဆိုခဲ့ ကြသည်မှအပ အခြားတစ်စုံတစ်ရာမျှ၎င်းတို့အား အီမာန် သက်ဝင်ယုံကြည်ခြင်းမှ ပိတ်ပင်တားဆီးခဲ့သည်မဟုတ်ပေ။
قُلْ لَوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِمْ مِنَ السَّمَاءِ مَلَكًا رَسُولًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင် ဧကန်မလွှဲ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကောင်းကင်မှ ကောင်းကင်တမန်တော်တစ်ပါးကိုပင်ရစူလ်တမန်တော်အဖြစ်ချပေး(စေလွှတ်)တော် မူခဲ့အံ့သတည်း။
قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့)အလ္လာဟ် အရှင်မြတ်သည်ပင် ငါနှင့်အသင်တို့၏ စပ်ကြားဝယ် သက်သေအဖြစ်လုံလောက်တော်မူ၏။ အကြောင်းမူကား ထိုအရှင်မြတ်သည်မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ အကြွင်းမဲ့သိတော်မူသော၊အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသောကြောင့်တည်း။
وَمَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُمْ أَوْلِيَاءَ مِنْ دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။

Choose other languages: